Wednesday, 17 October 2012

"အာဆီယံ ကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အနုပညာရှင် တို့ရဲ့အသံ"

အာဆီယံ ကားမောင်းပြိုင်ပွဲကို မြန်မာ အနုပညာရှင်များ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကတစ်ဆင့် ဖိတ်ခေါ်မှုကြောင့် ဝေဠုကျော်၊ ကောင်းခန့်၊ ဒါရိုက်တာ ကိုပေါက်၊ မေသဉ္ဇာဦးနဲ့ ဆုပန်ထွာတို့ သွားရောက် ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။ အာဆီယံ ကားမောင်း ပြိုင်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ စတင်ထွက်ခွာမှာဖြစ်
ပြီး မလေးရှား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနိုင်ငံတို့ကို ဖြတ် ကျော်ကာ အိန္ဒိယနိုင်ငံမှာ အဆုံးသတ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အနုပညာရှင်များက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။ အာဆီယံကားမောင်းပြိုင်ပွဲမှာ ပါဝင်ကြမယ့်အနုပညာ ရှင်တွေထဲက ဝေဠုကျော်က "အာဆီယံနိုင်ငံတွေကို ဖြတ်မောင်းရမှာပါ။ မြန်မာပြည်ထဲ လည်းမောင်းရမယ်။ ကျွန်တော်က ကားမောင်းရတာ တအား ဝါသနာပါတယ်။ အင်ဒိုနီးရှား ကနေဖြတ်ပြီး အိန္ဒိယအထိ မောင်းရမှာပါ။ အခက်အခဲတွေလည်း အများကြီးတွေ့နိုင်ပါတယ်။ မောင်း ရက်ချည်းပဲ ၂၂ရက်ကြာမယ်။ ပြင်ဆင်မှုတွေ မလုပ်ရသေးပါ ဘူး။ နိုဝင်ဘာ ၂ဝ ရက်နေ့ စထွက်ရမှာပါ။ ၂၄ ရက်နေ့ စမောင်းရမယ်" လို့ပြောပြီး
ဆုပန်ထွာကလည်း "ကားမောင်းပြိုင်တယ် ဆိုတာကလည်း အသက် အန္တရာယ် ရှိတာမျိုး၊ ပြိုင်ကားတွေနဲ့ တအားမောင်းရတာ မဟုတ်ဘူး။ ချစ်ကြည်ရေး ပုံစံမျိုးပါပဲ။ သွားဖို့အတွက် ဘာတွေ လိုအပ်တယ် ဆိုတာတော့ လူကြီးတွေက မပြောသေးဘူး။ ယူသွားသင့်တာတွေကိုတော့ ကိုယ့်ဘက်က စီစဉ်ထားတယ်။ အကောင်းဆုံးဖြစ်အောင်တော့ အစစ အရာရာကြိုးစားမှာပါ။ အဖွဲ့လိုက်လည်း သွားမှာဆိုတော့လေ။ ကားမောင်းရတာ ၇ တန်းလောက် ကတည်းက ဝါသနာပါပြီး အခုတော့ ကားမောင်းသွားပြိုင်ရတော့မှာပေါ့" လို့ပြောပါတယ်။

Popular Journal

No comments:

Post a Comment