Monday, 27 August 2012

ကျောက်မီးသွေးရောင်းချရာတွင် မသမာမူများတွေ့ ရှိသဖြင့် အိန္ဒိယဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆို

နယူးဒေလီ၊ သြဂုတ် - ၂၆

အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍တန်သော ကျောက်မီးသွေးတွင်းများရောင်းချရာတွင် တရားဝင်လေလံခေါ်ယူ ခြင်းမရှိဘဲ ရောင်းချခဲ့သည်ကို စစ်ဆေးတွေ့ ရှိသဖြင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းအား ရာထူးမှနှတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုမူများဖြစ်ပွားနေကြောင်း BBC သတင်းတွင်ေ

ဖ်ာပြထားသည်။

ပြီးခဲ့သည့် ၂၀၀၅-၀၉ ခုနစ်အတွင်းကျောင်မီးသွေးမိုင်းများရောင်းချရာတွင် ပွင့်လင်းမြင်သာမူမရှိဘဲဆောင်ရွက်ခဲ့ခြင်း ကြောင့် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံဖိုးဆုံးရှုံးခဲ့ကြောင်း အစိုးရစစ်ဆေးရေးအရာရှိများက ရှာဖွေတွေ့  ရှိခဲ့သည်။

အဆိုပါကာလအတွင်း ကျောက်မီးသွေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော လက်ရှိဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံ BJP ပါတီကတောင်းဆိုထားသည်။

သို့အတွက်ကြောင့် အိန္ဒိယလွတ်တော်တွင်လည်း ရှေ့ တိုးမရနောက်ဆုတ်မရအခြေအနေနှင့် ကြုံတွေ့ နေကြောင်း သတင်းတွင်ဖော်ပြထားသည်။

သို့ သော်လည်း အိန္ဒိယနိုင်ငံရေးလောကတွင် ကာလရှည်ကြာစွဲမြဲနေသော အကျင့်ပတ်လာဘ်စားမူများသည် အာဏာရ ကွန်ဂရက်ပါတီနှင့် အတိုက်အခံ BJP ပါတီနှစ်ရပ်လုံးနှင့် သက်ဆိုင်ကြောင်း အကျင့်ပျက်လာဘ်စားမူ တိုက်ဖြတ်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ကျင်းပလေ့ရှိသူ အန်နာဟာဇလ်ရေးက ထုတ်ဖော် ပြောကြားသွားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင်ကျောင်မီးသွေးအများဆုံးထွက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
The Voice Weekly

No comments:

Post a Comment