Saturday, 4 August 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ရာထူးအား ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိမ်းက လွှဲပြောင်းရယူ




ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ ရာထူးကို ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိမ်းက လွှဲပြောင်း ရယူခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း ဒေသကြီးမှ အမှုဆောင်တစ်ဦးက ပြောကြားခဲ့ပါသည်။ 
"ရန်ကုန်တိုင်း တာဝန်ခံ ရာထူးကို ဦးအောင်သိန်းလင်းဆီကနေ ဦးမောင်မောင်သိမ်းက လွှဲပြောင်း တာဝန်ယူလိုက်တာပါ။ မနေ့က ပြည်ခိုင်ဖြိုး ရန်ကုန်ရုံးမှာ တိုင်း၊ မြို့နယ်၊ ခရိုင်က အမှုဆောင်တွေကို ဖိတ်ကြားပြီး တာဝန် လွှဲပြောင်းတာကို အသိပေးပါတယ်။ ဒီနေ့မှာလည်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ကို ခေါ်ယူပြီး ပြောပြခဲ့ပါတယ်" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ရန်ကုန်တိုင်းဒေသကြီး) မှ အမှုဆောင် တစ်ဦးက ပြောပါသည်။


ဦးအောင်သိန်းလင်းအား ပြည်ထောင်စု ကြံ့ခိုင်းရေးအသင်း (ရန်ကုန်တိုင်း ဒေသကြီး) ၏ တိုင်းတာဝန်ခံအဖြစ်မှ ပြောင်းရွေ့လိုက်သော်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်မှု ဆက်လက်ထားရှိဆဲ ဖြစ်ကြောင်း သိရပါသည်။ ဦးအောင်သိန်းလင်းနေရာ၌ လွှဲပြောင်း တာဝန်ရယူခဲ့သည့် ဦးမောင်မောင်သိမ်းသည် ယခင်အစိုးရလက်ထက်က မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။
EMG

No comments:

Post a Comment