Saturday, 4 August 2012

အိန္ဒိယတွင် ခရီးသည်တင်ရထားတစ်စီး မီးလောင်မှုကြောင့် လူ ၃၀ နီးပါးသေဆုံး




မီးလောင်နေသော ရထားတွဲကို ကယ်ဆယ်ရေးလုပ်သားများနှင့် တာဝန်ရှိသူများ စစ်ဆေးနေစဉ် Photo:AFP
အိန္ဒိယတောင်ပိုင်းတွင် ခရီးသည်တင် ရထားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ ၂၇ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး သေဆုံးသူ အရေအတွက် ၃၅ ဦးအထိ ရှိလာနိုင်သည်ဟု သိရသည်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ်၏ နယ်လိုရိုခရိုင်တွင် တမီလ်နာဒူခရီးသည် တင်ရထားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သားများက မီးလောင်နေသည့် အလောင်းများကို သယ်ထုတ်ခြင်း၊ ဒဏ်ရာရသူများကို ရှာဖွေကယ်တင် ခြင်းတို့ ပြုလုပ်နေကြသည်။
အလောင်း ၂၇ လောင်းရရှိထားပြီး ဒဏ်ရာရသူ ၂၆ ဦးကို ဆေးရုံပို့ထားကြောင်း ခရိုင်အကြီးတန်း အုပ်ချုပ်ရေးမှူး ဘီဆရီးဟာက ပြောကြားခဲ့သည်။ မီးလောင်ခဲ့သောအတွဲတွင် စုစုပေါင်းလူ ၇၂ ဦးလိုက်ပါလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြား ခဲ့ပြီး ၀ါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့သည်။

ယင်းရထားသည် နယူးဒေလီမှ တမီလ်နာဒူပြည်နယ်ရှိ ချင်နိုင်းသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။
အိန္ဒိယရထားများကို ခရီးသည် ထောင်သောင်းများစွာ နေ့စဉ်စီးနင်းနေပြီး ဘေးကင်းမှုနှင့်ပတ်သက်ပြီး မှတ်တမ်းမကောင်းခဲ့ပေ။ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်အတွင်း ရ ထားတိုက်မှု ၉၃ မှုရှိခဲ့ပြီး ရထား မတော်တမှုဖြစ်ပွားခြင်း၏ ၄၀ ရာခိုင် နှုန်းကျော်မှာ ရထားလမ်းကူးစဉ် အစောင့်အကြပ်မရှိချိန်များတွင် ဖြစ်ပွားခဲ့ကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်မှုများအရ သိရသည်။
ရထားလမ်းဖြတ်ကူးစဉ် မတော်တဆမှုများကြောင့် နှစ်စဉ်သေဆုံးသူ ၁၅၀၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူ ထက်ဝက်နီးပါးမှာ မွမ်ဘိုင်းတွင်ဖြစ်ကြောင်း ဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref:AFP
EMG

No comments:

Post a Comment