Sunday, 8 July 2012

ပြည်ခိုင်ဖြိုးပါတီအတွင်း သွေးကွဲမှု ဆိုသည်မှာ နှစ်ရှည်လများ အခင်းအကျင်း ကြောင့်ဖြစ်နိုင်ချေရှိကြောင်း (ပြည်ခိုင်ဖြိုး) တွဲဖက် အတွင်းရေးမှူး ဦးသာဝင်းပြောကြား


ယခုနှစ်  ဇွန်လအတွင်း အင်တာနက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည့် ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်း သွေးကွဲမှု ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ အဆိုပါကိစ္စရပ်သည်““ဖြစ်နိုင်ချေရှိကြောင်း”” ရန်ကုန်တိုင်း ဒေသကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) တွဲဖက် အတွင်းရေးမှူး ဦးသာဝင်းက သူ၏အမြင်ကို ဇွန် ၂၈ ရက်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသာဝင်း
ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသာဝင်း
မည်သည့်အတွက်ကြောင့် ဖြစ်နိုင်ချေရှိသည် ဆိုခြင်းမှာ ပြည်ခိုင်ဖြိုးပါတီတွင်း မျက်နှာစုံညီ အစည်းအဝေးများနှင့် ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံး၍ လျှို့ဝှက်မဲစနစ်ဖြင့် အတွင်းရေးမှူး၊ အလုပ်အမှုဆောင် စသည့် ပါတီခေါင်းဆောင်များ    ပြန်လည်ရွေးချယ်မှုများ ပြုလုပ်လျက်ရှိခြင်း ကြောင့်သော် လည်းကောင်း၊ ထိုကဲ့သို့ပါတီတွင်း ဒီမိုကရေစီစနစ်ကို ယခုမှ စတင် ကျင့်သုံးခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီကျကျ  အဆုံးအဖြတ်ကို ခံစားနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ အသံမျိုး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ပွင့်လင်းစွာ ပြောသည်။

ပြည်ခိုင်ဖြိုးပါတီတွင် အတွင်းရေးမှူး၊ အလုပ်အမှုဆောင်ရာထူးများကိုယခင်က ““ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်းစနစ်ဖြင့် ကျင့်သုံးခဲ့သော်လည်း ယခုအခါ ပါတီတွင်း ဒီမိုကရေစီကျကျ လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ရာတွင် အောက်ခြေ ပါတီဝင်အားလုံး၏ ဆန္ဒဖြင့် ခန့်အပ်ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ မျက်နှာစုံညီ အစည်းအဝေးများကို ရန်ကုန်တိုင်းဒေသကြီး   အတွင်း ခရိုင်အဆင့် မျက်နှာစုံညီ အစည်းအဝေးအထိ ကျင်းပရွေးချယ် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
““တို့မှာက ဒီမိုကရေစီနဲ့ မဟုတ်ဘဲ ခန့်အပ် appointed နဲ့ပဲ နှစ်ရှည်လများကြီး ဒီလိုနေလာခဲ့တဲ့ အခင်းအကျင်းကြီးက ဒီလိုလုပ် လိုက်တဲ့အခါကျတော့ ပညာရည် နည်းတဲ့အခါ မခံစားနိုင်ဘဲ ပေါက်ကွဲတာ””ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီအတွင်း ယခုကဲ့သို့ ပြန်ဖွဲ့စည်းခြင်း Reform လုပ်ခြင်းသည် တစ်နည်းဆိုသော် ပါတီသန့်စင်ခြင်းပင်    ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး၊ တွဲဖက် အတွင်းရေးမှူး ဦးသာဝင်းကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီသည် ယခုလအတွင်း ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် အနိမ့်ဆုံးအခြေခံလစာ ဥပဒေ ပြဋ္ဌာန်းပေးသင့်ကြောင်း အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။
Indenpendent News

No comments:

Post a Comment