Tuesday, 10 April 2012

တရုတ်အစိုးရက အင်တာနက်ကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဟက်ကာများက အစိုးရ၀က်ဘ်ဆိုက်များကို တိုက်ခိုက်




အင်တာနက်မှ ကောလာဟလများ ပျံ့နှံ့ခဲ့သည်ဟုဆိုကာ တရုတ်အစိုးရက အင်တာနက်ဝက်ဘ်ဆိုက်များနှင့် ဘလော့ဂ်များကို ကန့်သတ်ထိန်းချုပ်မှုများ၊ ပိတ်ပင်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီးနောက် Anonymous အမည်ရ ဟက်ကာအုပ်စုက တရုတ်အစိုးရ ၀က်ဘ်ဆိုက်များကို  တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းမှ ဟက်ကာများပါဝင်သည့် ယင်းအုပ်စုသည် တရုတ်အစိုးရနှင့် ပတ်သက်သော ၀က်ဘ်ဆိုက် ၅၀၀ နီးပါးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက တိုက်ခိုက်ခံရမှုမှာ အမှန်ပင်ဖြစ်ကြောင်း ထုတ်ဖော် ၀န်ခံခဲ့ရသည်။

တရုတ်အစိုးရက နိုင်ငံတွင်းရှိ  အထင်ရှားဆုံး မိုက်ခရိုဘလော့ဂ် ဆိုက်များဖြစ်သော Sina  ၏ Weibo နှင့် Tecent ၏ QQ ဆိုက်များတွင် မှတ်ချက်ပေးမှုများကို နှစ်ရက်ကြာမျှ ပိတ်ပစ်ခဲ့ပြီးနောက် ယင်းသို့ လက်တုံ့ပြန်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။


အာဏာပိုင်များက ၀က်ဘ်ဆိုက် ၁၆ ခုကိုလည်း ပိတ်ပစ်ခဲ့ပြီး လူ ၆ ဦးကိုလည်း ဖမ်းဆီးခဲ့ကာ ပေကျင်းမြို့သို့ စစ်ကားများဝင်လာပြီ၊ တစ်ခုခုဖြစ်တော့မည်ဆိုသော ကောလာဟလများ ပျံ့နှံ့စေခဲ့ခြင်းကြောင့် ထိန်းချုပ်မှုများ ပြုလုပ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
Ref;CNN
EMG

No comments:

Post a Comment