Thursday, 15 March 2012

ယခုနှစ် စိုင်းစိုင်းမွေးနေ့ရှိုး အား မန္တလေးမြို့ရှိ Hill Resort တွင် ပြုလုပ်မည်





e4502 ၂၀၁၁ ခုနှစ် Birthday Show အား ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ပြုလုပ်စဉ်
နှစ်စဉ် ကျင်းပပြုလုပ်နေကျ ဖြစ်သည့် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့လိုက်ဖ်ရှိုးအား မန္တလေးပရိသတ်များနှင့်အတူ မန္တလေးမြို့ရှိ Hill Resort တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
“ကျွန်တော် မန္တလေး ပရိသတ်တွေနဲ့အတူ မွေးနေ့ကို မန္တလေးမှာ ဖြတ်သန်းဖို့ စိတ်ကူးနေတာ ကြာပါပြီ။ တစ်နှစ်ပြီးတစ်နှစ် စိတ်ကူးလိုက် မလုပ်ဖြစ်လိုက် ဖြစ်နေတာ ဒီနှစ်တော့ ဖြစ်အောင်လုပ်မယ် ဆိုပြီးတော့ စီစဉ် ဖြစ်သွားတာပါ။ ရန်ကုန်ပရိသတ် အတွက်ကတော့ မွေးနေ့ပွဲဆိုတာကလည်း တစ်ရက်ပဲ ရှိနေတော့ကျွန်တော် ကမန္တလေးကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ နောက်နှစ်တွေမှာတော့ လည်း ရန်ကုန်မှာပြန်လုပ်ချင်လည်း လုပ်ဖြစ်မှာပေါ့လေ။ ဒီနှစ်မွေးနေ့ရှိုးကိုတော့ ရန်ကုန်နဲ့ နယ်ပရိသတ်တွေ အတွက် အခွေပဲ ပြန်ထုတ်ဖြစ်မလား၊ ရုပ်သံကပြန်လွှင့်ရင် ကောင်းမလားဆိုတာ စဉ်းစားနေတုန်းပါ” ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ လိုက်ဖ်ရှိုးကို ဧပြီလ၁၀ ရက်နေ့ မွေးနေ့ရက်တိုင်းတွင် ပြုလုပ်ခဲ့ပြီး စိုင်းစိုင်း၏ ပရိသတ် အများအပြား အားပေး ကြည့်ရှုသည့်ပွဲလည်း ဖြစ်သည်။ ယခုနှစ် မွေးနေ့လိုက်ဖ်ရှိုးကိုမူ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမည် ဖြစ်ပြီး ယခင်နှစ်များနှင့် မတူကွဲပြားသည့် စိတ်ကူးဖန်တီးမှုများနှင့် တင်ဆက်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment