Thursday, 15 March 2012

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အမေရိကန်သို့ သွားရောက်





ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် မတ်လ ၁၄ ရက်နေ့က အမေရိကန်သို့ တရားဝင်ခရီးစဉ် သွားရောက်လည်ပတ်ခဲ့ပြီး သမ္မတအိုဘားမားနှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဗြိတိန်နှင့် အမေရိကန် မဟာမိတ်ချစ်ကြည်ရေးသည် မရှိ မဖြစ် အရေးပါကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်တွင် ရင်ဆိုင်နေရသော မဟာဗျူဟာမြောက် ပြဿနာများ၊ အီရန်နှင့်ပတ်သက်သည့် အရေးကိစ္စတို့က အိုဘားမားနှင့် ကင်မရွန်း တွေ့ဆုံဆွေးနွေးမှုကို လွှမ်းမိုးနေခဲ့ဖွယ်ရှိသည်။ ကင်မရွန်နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက အီရန် နျူကလီးယား အကျပ် အတည်းနှင့် ပတ်သက်ပြီး သံတမန်ရေးအရ အဖြေတစ်ခုရရှိရန် အခြေအနေမှာ လျော့ပါးလာနေကြောင်း အီရန်ကို သတိပေးပြောကြားခဲ့သည်။


သို့သော်လည်း အီရန်ကို နျူကလီးယားစီမံကိန်းနှင့်ပတ်သက်ပြီး စစ်ရေးအရ အရေးယူရန် အချိနကျပြီဟု မယုံကြည်ကြောင်း အိုဘားမားနှင့် ကင်မရွန်းတို့က အချက်ပြခဲ့ကြသည်။
''ဒီပြဿနာကို သံတမန်ရေးအရ ဖြေရှင်းဖို့ ကျွန်တော်တို့အားလုံးကို ဆောင်ရွက်သွားမှာပါ။ ဆွေးနွေးပွဲ စားပွဲဝိုင်းရဲ့ တခြားတစ်ဖက်မှာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဆောင်ရွက်လိုတဲ့သူက ရှိနေပါတယ်။ ဒါကို အီရန်အစိုးရက နားလည်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်''ဟု အိုဘား မားက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် အိုဘားမားက အီရန်စီးပွားရေးကို ပိုမိုအထိနာစေမည့် ပိတ်ဆို့ အရေးယူမှုအသစ်များ ယခုနွေရာသီတွင် ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း  ကြိုတင်ဟောကိန်းထုတ် ပြောကြားခဲ့သည်။
Ref:AFP
EMG

No comments:

Post a Comment