Saturday, 3 March 2012

ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို လှူဒါန်းရန် ရည်ရွယ်သည့် ကချင်အနုပညာရှင်တို့၏ ‘မနောအလှဂီတည’ ဖျော်ဖြေပွဲ





e4482 ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တစ်တပ်တစ်အား အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြုလုပ်သည့် ကချင် အနုပညာရှင်များ၏ ‘မနောအလှဂီတည’ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ညနေ ၆နာရီတွင် ရန်ကုန်မြို့ မျှော်စင်ကျွန်း အတွင်း ပြုလုပ်ခဲ့သည်။
ယင်းဖျော်ဖြေပွဲတွင် တစ်ဦး ချင်းဖျော်ဖြေမှုများကို ကချင်တိုင်းရင်းသူများဖြစ်သည့် သရုပ်ဆောင် ခင်လေးနွယ်၊ Zအဘောက်၊ အောန်ဆိုင်း၊ မိုင်းလုံ၊ Mဆိုင်းလူတို့က ရှင်းလင်းမိတ်ဆက်ပေးခဲ့ကြကာ ကချင် တိုင်းရင်းသား အဆိုတော်များ ဖြစ်သည့် Lလွန်းဝါ၊ နောနော်၊ ဒေါင်လွဏ်း၊ ဂျက်ဆန်ထွန်း၊ Lဆိုင်းဇီ၊ ရေဗက္က၀င်း၊ ကေဂျာနူး၊ ကော့မိုင်၊ Lခွန်းရီ၊ Nကိုင်ရာ၊ bluebarry ၊ N ဆိုင်းလီ၊ 3 seconds စသူတို့က ဖျော်ဖြေပေးခဲ့သည်။
တေးသီချင်းများဖျော်ဖြေချိန် တွင် ကချင်ပြည်နယ်၏ အလှအပရှုခင်းနောက်ခံများကိုပါ ပရိုဂျက်တာဖြင့် ထည့်သွင်းပြသပေးခဲ့သည်။ အဆိုတော် Lခွန်းရီ၊ ကော့မိုင်၊ Nကိုင်ရာ တို့ သုံးဦးတွဲဖက်၍လည်း ‘ကြိုဆိုပါတယ်’ ကချင်တေးသီချင်းကို သီဆို ဖျော်ဖြေပေးခဲ့သည်။
ဖျော်ဖြေပွဲနှင့် ပတ်သက်၍ “ကချင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည်တွေအတွက် ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ သူတွေကရော၊ ပြည်တွင်းမှာ ရှိနေကြတဲ့သူတွေ အားလုံးက ကူညီကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ အန်တီတို့အနေနဲ့လည်း ကိုယ့်တိုင်းရင်းသား လူမျိုးတွေအတွက် တတ်စွမ်းတဲ့ အနုပညာ အစွမ်းနဲ့ ပါဝင်ကူညီစောင့် ရှောက်ချင်ပါတယ်။ ဒါကြောင့် အခုလို ကချင်တိုင်းရင်းသား အနုပညာရှင်တွေစုပေါင်းပြီး ဖျော်ဖြေပွဲလေး လုပ်ဖြစ်တာပါ။ ဒီပွဲကရလာတဲ့ အကျိုးအမြတ်အားလုံးကို ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းမှာဖြစ်ပါတယ်”ဟု L ခွန်းရီက ရှင်းပြခဲ့သည်။
EMG

No comments:

Post a Comment