Sunday, 5 February 2012

ဒီမိုကရေစီစနစ် ပိုမိုရှင်သန် အားကောင်းစေရန်ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား



စင်ကာပူနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် ၎င်း၏ခရီးစဉ်အတွင်းThe Straits Times သတင်းစာမှ အကြီးတန်း သတင်းထောက် Ms. Rupali Karekar အား ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ ရှန်ဂရီလာဟိုတယ်၌ လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ရာတွင် ဒီမိုကရေစီစနစ် ပိုမိုရှင်သန် အားကောင်းစေရန် ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်မှ လွန်မြောက်ပြီး မိမိ၏ အရပ်ဘက်အစိုးရ အဖွဲ့က ပြောင်းလဲ တာဝန်ယူပြီးနောက်ပိုင်းတွင် နိုင်ငံကို ဒီမိုကရေစီစနစ် ပိုမိုရှင်သန် အားကောင်းစေရန် ရည်ရွယ်၍ ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံမေးမြန်းမှုများတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
အနာဂတ် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံအတွက် ဒုတိယအရေးကြီးဆုံး ဖြစ်သော  စီးပွားရေးကဏ္ဍကို တိုးတက်ကြီးထွားအောင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဖြေကြားချက်များတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရွေးချယ်ထားသည့် လမ်းအတိုင်း ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတွင်း ဒီမိုကရေစီစနစ် ရှင်သန် ထွန်းကားစေရေးအတွက် ၀ိုင်းဝန်းစောင့်ရှောက် သွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ မိမိတို့အနေဖြင့် စီးပွားရေးနယ်ပယ်တွင် ကျွမ်းကျင်မှု လိုအပ်နေသေးကြောင်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စနစ်များနှင့် ဥပဒေပြဋ္ဌာန်းချက်များ အကောင်အထည် ဖော်ရာတွင်လည်း နိုင်ငံတကာမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ရရှိရန် ကြိုးပမ်းသွားမည် . . .

စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ ဖြေကြားရာတွင် လက်ရှိအချိန်၌ မိမိတို့အနေဖြင့် စီးပွားရေးနယ်ပယ် တွင် ကျွမ်းကျင်မှု လိုအပ်နေသေးကြောင်း နှင့် စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စနစ်များနှင့် ဥပဒေပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ရာတွင်လည်း နိုင်ငံတကာမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မေးမြန်းမှုများထဲတွင် ဖြေကြားခဲ့သည်။
ထို့ပြင် အနောက်နိုင်ငံအချို့မှ မြန်မာနိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံ ကြားနျူကလီးယား လက်နက်ဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုများ ရှိနေသည်ဆိုသည့် ထင်မြင်ယူဆချက်မှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတ၏ အဆိုပါ တွေ့ဆုံပွဲတွင် အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်တို့ တက်ရောက်ခဲ့ကြသည်။
The Straits Times သတင်းစာအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အနာဂတ်မျှော်မှန်းချက်များနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍများကိုပါ မေးမြန်းမှုတွင် ထည့်သွင်းမေးမြန်း ခဲ့ကြောင်း သိရသည်။ အဆိုပါ မီဒီယာမှာ နိုင်ငံတော်သမ္မတ၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သီးခြားတွေ့ဆုံခွင့်ရရှိခဲ့သည့် မီဒီယာတစ်ခုလည်း ဖြစ်ခဲ့သည်။
EMG

No comments:

Post a Comment