Friday, 24 February 2012

ကချင်ပြည်နယ် မနောကွင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက ပြုလုပ်သော ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်





ကချင်ပြည်နယ်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက ပြုလုပ်သော ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ညစာစားပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၈ နာရီခွဲတွင် ပြုလုပ်ပြီး ၁၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ယင်းညစာစားပွဲသို့ ပင်လုံညီလာခံ လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေမျိုးများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

ညစာစားပွဲသို့ တက်ရောက်သော စားပွဲဝိုင်းများတွင် ထိုင်သူဦးရေ ၁၄၉ ဦးအပြင် ကချင်တိုင်းရင်းသားများပါ လာရောက်ကြကြောင်း သိရသည်။ ယင်းပွဲအား NLD ပါတီမှ စီစဉ်ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိကို မနောကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြားမည်ဖြစ်ပြီး ယင်းသို့အမှာစကားပြောကြားပြီးနောက် ဗန်းမော်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရပါသည်။EMG
  

No comments:

Post a Comment