Friday, 24 February 2012

အငှားယာဉ် အရှိန်လွန် ဓာတ်တိုင်တိုက်မိ၍ ယာဉ်မောင်းသေ ခရီးသည်နှစ်ဦး ဒဏ်ရာရ


Photo
ရန်ကုန်၊ဖေဖော်ဝါရီ-၂၀
ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးတွင် အငှားယာဉ်တစ်စီး အရှိန်လွန်ကာဓာတ်တိုင်ဝင်တိုက်မိ၍ ယာဉ်မောင်းသေဆုံးသွားကြောင်း ကြိုး မဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်မြို့ထဲမှ ကမ္ဘာအေးလမ်းအတိုင်း မောင်းနှင်လာသော ပ/၉၁၈၂ ကရီနားဆလွန်းအဖြူ အငှားယာဉ်သည် အရှိန်လွန်ကာ ယာဘက်ဓာတ်တိုင်ကို တိုက်မိသဖြင့် ယာဉ်ထက်ပိုင်းပြတ် ပျက်စီးကာ ယာဉ်မောင်းဖြစ်သူ အွစ်မန်အလီဆိုသူမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး  အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးသွားခဲ့သည်။

“အရှိန်များတော့ ဒီဘက်ကို ဆွဲချပြီးတော့ ဘရိတ်နင်းတာ။ ဘရိတ်က တောက်လျှောက်မိလာပြီးတော့ ဓာတ်တိုင်ကိုခါးနဲ့ ဖြတ်ရိုက်တာ။ ကောင်မလေးတစ်ယောက်က နဖူးကွဲသွားတယ်။ တစ်ဦးကလက်ကျိုးသွားတယ်။ ယာဉ်မောင်းကတော့ ဒီနားမှာ ပက်လက်သေသွားတယ်၊ ပွဲချင်းပြီးပဲ”ဟု အဆိုပါယာဉ်တိုက်မှုကို ကြုံတွေ့ခဲ့သော မျက်မြင်သက်သေ တစ်ဦးက ပြောသည်။
ထိုယာဉ်ပေါ်လိုက်ပါသည့် ခရီးသည် မသဇင်နှင့် မနီနီဝင်းတို့ မှာ ဒဏ်ရာများရရှိ၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ တင်ပို့ထားသည်။ တရားခံယာဉ်မောင်းအား (ပ)၆၉/၁၂ ပုဒ်မ ၃၀၄-(က)/၃၃၈ဖြင့်  အမှုဖွင့်အရေးယူထားပြီး အမှုစစ်ဒုရဲအုပ်   စောဇော်မင်းဦး (ယာဉ်မှုစစ်)က  စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
7 Day News

No comments:

Post a Comment