Wednesday, 29 February 2012

ရာသီဥတု ပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးနိုင်စွမ်း အမြင့်ဆုံးဒေသများတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ပါဝင်




4485 ပဲခူးတိုင်းအတွင်းမှ ပျက်ဆီးနေသော လယ်မြေတစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတုဖြစ်ပေါ် ပြောင်းလဲမှု မြန်ဆန်နေသည့်အတွက် ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်ကာ ပျက်စီးဆုံးရှုံးမှုများ ကိုလည်း တွေ့ကြုံလာရပြီး ပျက်စီးဆုံးရှုံးနိုင်စွမ်း အမြင့်ဆုံးဒေသများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့ပါဝင်နေကာ ပျက်စီးဆုံးရှုံးလွယ် သော အုပ်စုတွင် လယ်သမားများက အဓိကနေရာ၌ ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ရှိခဲ့သည့် ရာသီဥတု ပြောင်းလဲမှုကို လိုက်လျောညီထွေ ပြုမူဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှု အစီရင်ခံ စာမူကြမ်း၌ မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုအတွက် အရေးပါသော ဘေးအန္တရာယ်ခြောက်မျိုးနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သူများက သတ်မှတ်ထားသည့် ဒေသအလိုက် အမြင့်မားဆုံး ဘေးအန္တရာယ်များမှာ ဆိုင်ကလုန်းမုန်တိုင်းနှင့် လေပြင်း၊ ရေကြီးခြင်း၊ မိုးကြီးခြင်း၊ အပူချိန် မြင့်မားခြင်း၊ မိုးခေါင်ခြင်း၊ ပင်လယ်ရေ မြင့်တက်ခြင်းတို့ဖြစ်သည်။
အဆိုပါ အစီရင်ခံစာသည် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနနှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်တို့က ပြုစုထားခြင်း ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်းနှင့် လေပြင်းအတွက် သက်ရောက်နိုင်ခြေ ရှိနေသော ဒေသများမှာ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ရေကြီးခြင်းတွင် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မိုးကြီးခြင်းတွင် ကမ်းရိုးတန်းဒေသများ၊ အပူချိန်မြင့်မားခြင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ မိုးခေါင်ခြင်းတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပင်လယ်ရေမြင့်တက်ခြင်းတွင် ကမ်းရိုးတန်းဒေသများနှင့် ပဲခူး စသည့်ဒေသတို့ သက်ရောက်နိုင်ခြေ ရှိနေသည်ဟု ဖော်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးနိုင်မှုတွင် စိုက်ပျိုးရေး ကဏ္ဍသည် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် သစ်တော၊ ဇီဝမျိုးစုမျိုး ကွဲ၊ ကမ်းရိုးတန်းဇုန်၊ လူထုကျန်းမာရေး၊ ရေအရင်းအမြစ်တို့ ပါဝင်နေသည်။
စိုက်ပျိုးရေး လုပ်ငန်းသည် သက်ရောက်မှု အများဆုံး ကဏ္ဍဖြစ်သည့်အတွက် တောင်သူ လယ်သမားများသည် အဓိကပျက်စီးဆုံးရှုံး လွယ်သူများ ဖြစ်နေသည်ဟု သိရသည်။
EMG

No comments:

Post a Comment