News And Library
Fresh News And Some Knowledge For You
Sunday, 5 February 2012
နိုင်ငံခြားကုမ္ပဏီများအား ရှစ်နှစ် အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်လျက်ရှိ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း
မြန်မာနိုင်ငံသို့ အနောက်တိုင်းကုမ္ပဏီများ လှိမ့်ဝင်လာရန် တာစူနေကြစဉ် မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် ရှစ်နှစ် အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်လျက်ရှိသည်ဟု သိရှိရသည်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်လျက်ရှိသော ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းတွေ့ဆုံခဲ့ရသော စီးပွားရေးခေါင်းဆောင်များသည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု ကြီးမားစွာ ပြသခဲ့ကြသည်ဟု စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်များအား ပြောသည်။
လာမယ့်နှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ခြောက်ရာခိုင်နှုန်းအထိ ရှိမည်ဟု မျှော်လင့်ထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော နေရာဖြစ်လာနေပြီ ဆိုသည်ကို အောင်မြင်သောသူ၏ “ဒါဗို့စ်” ခရီးက သက်သေထူနေကြောင်း ၄င်းကဆက်လက် ပြောသည်။ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်ရန် ဥပဒေများကို အခြေခံကျကျ ပြုပြင်ပြောင်းလဲရန် အစိုးရက စီစဉ်နေသည်ဟု မီးရထားဒုဝန်ကြီး ဦးသောင်းလွင်က ပြောသည်။ “အခွန်ကင်းလွတ်ခွင့် ရှစ်နှစ်အထိ ပေးမယ်။ လုပ်ငန်းက မြန်မာနိုင်ငံအတွက် အကျိုးများရင် ဒီမက်လုံးကို ထပ်တိုးပေးဦးမယ်။ ဥပဒေမူကြမ်း ဆွဲပြီးသွားပါပြီ။ ဖေဖော်ဝါရီလကုန်လောက် ထွက်လာလိမ့်မယ်” ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။ အီးယူဌာနချုပ်ရှိရာ ဘရပ်ဆဲလ်မြို့မှ သံတမန်များ၏ အဆိုအရ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖေဖော်ဝါရီလလောက်မှာပင် ရုပ်သိမ်းပေးရန် စဉ်းစားနေပြီဟု သိရသည်။ အမေရိကန် ပြည်ထောင်စုကတော့ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်လျှင် ရုပ်သိမ်းပေးမည်ဟု ကတိပေးထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment