Saturday, 1 February 2014

Unity ဂျာနယ်အပေါ် နောက်ထပ်ဖမ်းဆီးမှုများ ဆက်ဖြစ်နေ

Photo: Unity ဂျာနယ် သတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် အမှုဖွင့် ဖမ်းဆီး....

ပေါက်မြို့နယ်ရှိ လက်နက်စက်ရုံသတင်းကို ရေးသားခဲ့သော Unity အပတ်စဉ် ဂျာနယ်၏ နယ်ခံသတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ပုဒ်မဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း ပေါက်မြို့နယ် ရဲစခန်းမှူး ဦးငွေထွန်းက ဧရာဝတီကို အတည်ပြုကြားသည်။

“ဟုတ်ပါတယ်။ သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ပုဒ်မ ၃/ ၁ ( က ) ၉ နဲ့ အမှုဖွင့်လိုက်ပါပြီ။ အခု သူ့ကို ကျနော်တို စခန်းကနေ ပခုက္ကူမြို့က သတင်းတပ်ဖွဲ့ကို လွှဲလိုက်ပါပြီ။ ကျနော်တို့ စခန်းမှာ မရှိတော့ဘူး။ သူ့ကို ပခုက္ကူမှာ စစ်ဆေးဦးမှာပါ။ ထောင်ကို တန်းပို့မယ်တော့ မထင်ပါဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် Unity ဂျာနယ်၏ CEO ဖြစ်သူ ဦးတင့်ဆန်းကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဂျာနယ်တိုက်မှ ရဲ သတင်းတပ်ဖွဲ့မှ စစ်ဆေးရန် လာရောက်ခေါ်သွားကြောင်း၊ အဆိုပါသတင်းတွင် ပူးပေါင်းပါဝင်ရေးသားခဲ့သော Unity ဂျာနယ်မှ အကြီးတန်း သတင်းထောက်များဖြစ်သူ ကိုရာဇာဦးနှင့် ကိုပိုင်သက်ကျော်တို့မှာလည်း ဂျာနယ်မှ ဆက်သွယ်၍ မရ သေးကြောင်း Unity ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမင်းထက်မြတ်က ပြောသည်။

ဇန်နဝါရီလ ၂၅ ရက် နေ့စွဲဖြင့်ထုတ်ဝေသော Unity ဂျာနယ် အတွဲ ၃ အမှတ် ၄ ပါ မျက်နှာဖုံးသတင်းမှာ အဆိုပါစက်ရုံအတွင်း ၀င်ရောက်လုပ်ကိုင်နေကြသော ဒေသခံများ၏ ပြောဆိုမှုကို အဓိကထား အခြေခံရေးသားထားခြင်းဖြစ်ပြီး နယ်ခံများက ဓါတု လက်နက်စက်ရုံ ဖြစ်နိုင်သည်ဟု ယူဆပြောဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ - See more at: http://newsandlibrary.blogspot.com/2014/02/unity.html#sthash.Qi2BFzxC.dpuf
 
မကွေးတိုင်း ပေါက်မြို့ရှိ မြန်မာစစ်တပ်ပိုင် လျှိုဝှက်ဓာတုလက်နက်စက်ရုံ အကြောင်း သတင်း ဆောင်းပါးရေးသားခဲ့သည့် Unity ဂျာနယ်၏ သတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားသည့်ဥပဒေဖြင့် အကျဉ်းချဖမ်းဆီးလိုက်ပြီးနောက် ဂျာနယ်ပိုင်ရှင် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရန်ကုန်မြို့၌ ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဦးတင့်ဆန်းကို ဖမ်းဆီးခေါ်ဆောင်ပြီး ၃နာရီခန့်အကြာ ဂျာနယ်တိုက်ရှိ နောက်ထပ် သတင်းသမား ၃ဦးကို ထပ်မံဖမ်းဆီးသွားခဲ့သည်။ အဆိုပါ သတင်းမီဒီယာသမားများကို ဖမ်းဆီးအရေးယူနေခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် အစိုးရပိုင် ပြန်ကြားရေးဌာနမှ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

Kamayut Media
 

No comments:

Post a Comment