Thursday, 20 February 2014

အရက်သောက်စားပြီး ဖခင်ဖြစ်သူအားဓါးဖြင့်ထိုး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၃ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ လယ်သာ(၁)အုပ်စု၊ မီးသျှောင်ကုန်းကျေးရွာရာအိမ်မှူးမှ ၎င်းကျေးရွာနေ သံဒိုး(၅၉)နှစ်က ဖခင်ဖြစ်သူ ဦးတင်လှိုင်(၇၅)နှစ်အား ဓါးဖြင့်ထိုး၍သေဆုံးသွားကြောင်း အကြောင်းကြားချက် အရ ဆတ်သွားနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သံဒိုးမှ အရက်သေစာသောက်စားမူးယစ်ပြောဆိုနေသဖြင့် ဖခင်ဖြစ်သူက ဆုံးမစကားပြောဆိုသည်ကို မကျေနပ်၍ အနီးရှိထရံတွင်ထိုးထားသော အရိုးအသွား(၁၇)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် တစ်ချက် ထိုးသွင်းခဲ့ရာ ဖခင်ဖြစ်သူ ဦးတင်လှိုင်တွင် အူထွက်သည့်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းစစ်ဆေးသိရှိရသဖြင့် သံဒိုးအား ဆတ်သွားနယ်မြေရဲစခန်း (ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment