News And Library
Fresh News And Some Knowledge For You
Tuesday, 28 January 2014
Facebook တွင်ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ သမီးဖြစ်သူမှ အဖြစ်မှန် ရှင်းလင်း
ဖတ်ဖြစ်အောင် ဖတ်ပေးစေချင်ပါတယ်...
ဒီနေ့ ဒီ Post ကိုတင်တာ နားလည်မှုမရှိတဲ့ လူအချို့ ရဲ့  လုပ်ရပ် ကြောင့် ကျွှန်မ မိသားစု နဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာအတွက်ပါ။
ဟုတ်ပါတယ်..ကျွှန်မ ဖေဖေ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။ ကျွှန်မနဲ့  ကျွှန်မချစ်သူက လွန်ခဲ့ သော ၁ နှစ်လောက်ထဲက မိဘတွေရဲ့
ခွင့်ပြုချက်နဲ့ နှစ်ဦးသဘောတူ လက်မှတ်ထိုး လက်ထပ်ခဲ့ ကြပါတယ်။ကျွှန်မ တို့ က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ်ပိုင်ဘ၀တစ်ခုကို တည်ထောင် ချင်ခဲ့ တာပါ။
ကိုယ့် ရဲ့ ဝင်ငွေ၊လုပ်အားခ တွေ နဲ့ လက်ထပ်ပွဲ ကိုကျင်းပဖို့  တိုင်ပင်ခဲ့ ၊ကြိုးစားခဲ့ ကြတယ်။ လာမယ့်  2014 April မှာ တရားဝင်လူသိရှင်ကြား ကျင်းပါဖို့  ပါ စီစဉ်ပြီးသားပါ။
အဲဒါကြောင့်လည်း နှစ်ဘက်မိဘ နဲ့  မိတ်ဆွေတစ်ချို့ ကလွဲ၇င် ဘယ်သူ့ ကို မှ အသိမပေးဖြစ်ခဲ့ပါဘူး။ ကျွှန်မခင်ပွန်းလောင်းဟာလည်း အခုထင်နေကြသလို ဘာသာမတူတဲ့ 
လူမျိုးတစ်ယောက်မဟုတ်ပါဘူး။ အထူးသဖြင့် ကျွှန်မ တို့ နှစ်ယောက် ကို ထိခိုက်တာထက် ဖေဖေ့ ရဲ့  ဂုဏ်သိက္ခာ အများကြီးထိခိုက်စေခဲ့ပါတယ်။ ကျွှန်မတစ်ခုလောက်ပြောပါရစေ၊ အဲဒီ Page၊ အဲဒီ Post တွေကို ရေးတဲ့သူတွေက
ကျွှန်မတို့  မိသားစု၊ အသိုင်းအ၀ိုင်း ဂုဏ်သိက္ခာ ကျရစဉ် .သူတို့  အတွက် ဂုဏ်သိက္ခာ နဲ့  တန်ဖိုး တက်နေကြမယ်ဆိုရင်တော့..ကျွှန်မတို့ စိတ်မကောင်းစွာနဲ့ လွဲမှားနေတဲ့  သတင်းတစ်ခု ကို အမှန်ယူနေတဲ့ လူတစ်ချို့ ရှေ့ မှာတော့  မျက်နှာပျက်စွာဆက်ရှိနေရမှာပါ၊
အားလုံးမှာလည်း မိဘ နဲ့  မိသားစု ဆိုတာရှိကြပါတယ်။ မိဘချင်း ၊မိသားစု ချင်း ကိုယ်ချင်းစာပေးစေချင်တာပါ။ အခုလိုမျိုး ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ 
သမိးက ကုလား တစ်ယောက်နဲ့  ဖြစ်နေပါတယ် ဆိုတဲ့  မမှန်ကန်တဲ့  သတင်း၊ စွပ်စွဲချက်တွေ ဟာ တကယ်တန်း စဉ်းစားတတ်သူ၊ဆင်ခြင်တတ်သူ တွေ အဖို့  ပြန်သုံးသပ်ကြည့်ကြပါ။ အပြင်ပန်း မြင်တဲ့ အမြင်တစ်ခု နဲ့ ဒီလိုမခိုင်လုံတဲ့ 
အကြောင်းကို ကို့ ယ် Page နာမည်ကြီးချင်ရုံသက်သက်နဲ့ တစ်သက်လုံး ထိန်းသိမ်းလာတဲ့ ..ကာယကံရှင်တွေ၊သူတို့ ရဲ့ မိသားစု အသိုင်း အ၀ိုင်းတွေရဲ့  ဂုဏ်သိက္ခာကိုတိုက်ခိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး ။ အဲဒီလိုပဲ..အကြောင်းအရင်းကို မသိဘဲနဲ့ ...ဘာမှန်းကိုမသိဘဲနဲ့ 
ရိုင်းစိုင်းစွာ Comment ပေးတဲ့ လူတွေ..Share လုပ်လိုက်တဲ့ လူတွေကိုလည်းတစ်ခုမေးချင်ပါတယ်...လူအချင်းချင်းဖေးမရမယ့် အစား ၊ ကိုယ့်နှမ ကိုပြန်လှန်ဆဲပြတဲ့  အဖြစ်ကရှင်တို့ တွေ အတွက်ကော တန်ဖိုးတွေများတက်သွားပါသလားရှင် ?
ဒါတွေကို နားလည်တယ်ဆိုရင် ကျွှန်မရဲ အဖေကို ခေါင်းစဉ်တတ်ပြီး လူမျိုးရေး၊ဘာသာရေး ပြသနာ တွေကြားရောက်အောင် သွေးမဆောင်သင့်ဘူး...ကျွှန်မပြောတာတွေ ကိုနားလည်လက်ခံတယ်ဆို ရင် အောက်ကလင့် မှာရှိနေတဲ့ သတင်းမှားတွေ ၊ Share တွေ ရပ်တန့် သင့်ပြီလို့ ပြောချင်ပါတယ်။။။
https://www.facebook.com/moieverything/posts/402298409916622
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment