Tuesday, 14 January 2014

ထိုင်းဝန်ကြီးချုပ် ယင်လပ်နှင့် အဓိကဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းမည်ဟု ဆန္ဒပြခေါင်းဆောင် ခြိမ်းခြောက်


ကောင်းကင်ကို | အင်္ဂါနေ့၊ ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။

ဘန်ကောက်၊ မဇ္ဈိမ။ ။ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် နုတ်ထွက်ပေးခြင်း မရှိပါက၊ ယဉ်လပ်နှင့်တကွ အဓိကကျသည့် ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းမည်ဟု အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban ကဇန်နဝါရီ ၁၄ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

ဆန္ဒပြသူများအား Suthep က စင်မြင့်တစ်ခုပေါ်မှနေ၍ ပြောကြားခဲ့ရာတွင် ၄င်းတို့အနေဖြင့် အစိုးရရုံး အားလုံးကို လာမည့် နှစ်ရက်သုံးရက် အတွင်း၌ သိမ်းပိုက်မည်ဟု ဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

အကယ်၍ ယင်လပ်ဦးဆောင်သည့် ကြားဖြတ်အစိုးရ အဖွဲ့အနေဖြင့် နုတ်ထွက်ပေးရန် ငြင်းဆန်ပါက၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) အနေဖြင့် ဆန္ဒပြမှုများကို အရှိန်မြှင့်ကာ ယင်လပ်၏ နေအိမ်နှင့် အဓိက ဝန်ကြီးများ၏ နေအိမ်များကို ဝန်းရံပိတ်ဆို့မည်ဟု Suthep က ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြထားသည်။


ဝန်ကြီးချုပ် ယင်လပ် ဦးဆောင်သော အစိုးရ နုတ်ထွက်ပေးရေးအတွက် ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဘန်ကောက်မြို့၏ အချက်အချာကျသော နေရာများကို အတိုက်အခံများက ဇန်နဝါရီ ၁၄ရက်တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပိတ်ဆို့ ဆန္ဒပြလျက်ရှိသည်။

ယင်လပ်ဦးဆောင်သည့် လက်ရှိထိုင်းအစိုးရကို ကျေးလက်နေ ပြည်သူအများစုက ထောက်ခံကြသော်လည်း၊ အထက်လွှာများ၊ ဘန်ကောက်မြို့နေ လူလတ်တန်းစားများနှင့် ထိုင်းတောင်ပိုင်းသားများက မနှစ်မြို့ကြပေ။

Mizzima - News in Burmese

No comments:

Post a Comment