Thursday, 16 January 2014

မင်္ဂလာဒုံတွင် ဆေးလိပ်တိုမီးမှ ကားပစ္စည်းဂိုဒေါင် မီးလောင်

Photo: မင်္ဂလာဒုံတွင် ဆေးလိပ်တိုမီးမှ ကားပစ္စည်းဂိုဒေါင် မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ ကာယရပ်ကွက် ကာယ (၆) လမ်းရှိ မြန်မာရန်ကုန် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီပိုင် မြေကွက်အတွင်း ကားသံထည်ပစ္စည်းများ သိမ်းဆည်းထားသည့် ဂိုဒေါင်တွင် ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်က ဆေးလိပ်တိုမီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ အကွက်အမှတ် ၁/၁၁၈၊ အလျားပေ ၁၀၀၊ အနံပေ ၂၀၀ ရှိ ခြံဝင်းတွင်းရှိ သွပ်မိုး၊ ထရံကာ မြေစိုက် ဂိုဒေါင်တွင် ဆေးလိပ်တိုမှ အနီးရှိ ဆိုဖာနှင့် ရော်ဘာဟောင်းများသို့ မီးကူးစက်လောင်ကျွမ်း ခဲ့ရာမှ အဆောက်အအုံတစ်လုံး အပါအဝင် တာယာနှင့်  သံထည်ပစ္စည်များ မီးလောင်ကျွမ်း ခဲ့ကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၄၇ စီး၊ ကွပ်ကဲယာဉ် နှစ်စီး၊ အထောက်အကူပြုယာဉ် သုံးစီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၇၁ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၃၃ ဦးတို့ဖြင့် မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 

အဆိုပါ မီးလောင်မှုကြောင့် ခြံစောင့်ဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဦးကျော်သန်းကို  (ပ) ၂၃/၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment