Friday, 24 January 2014

လွှတ်တော်ခန်းမအတွင်း ရောဂါကြောင့် လဲကျသူကို အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး ဆေးကုသပေး

Photo: လွှတ်တော်ခန်းမအတွင်း ရောဂါကြောင့် လဲကျသူကို အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး ဆေးကုသပေး

နေပြည်တော်၊ ဇန်နဝါရီ ၂၃

ပြည်သူ့လွှတ်တော် ခန်းမအတွင်း အတက်ရောဂါကြောင့် လဲကျသွားသူကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသစ်တာဝန်ပေး ခန့်အပ်ထားသော
တပ်မတော်သား အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဆေးကုသ ပေးခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးအေးမြင့်သည် ဇန်နဝါရီလ ၂၃ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ၎င်း၏ အဖွဲ့နှင့်အတူ လာရောက် လေ့လာစဉ် ဧည့်သည်များ ထိုင်ခုံတွင် လဲကျခဲ့သောကြောင့် ၎င်းတို့က ဆေးကုသပေးခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် အဆိုပါ လူနာအား နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် ဆေးဝါးများကို လွှတ်တော်က တာဝန်ယူပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆေးကုသပေးခဲ့သော စစ်ဆေးဘက်ဆိုင်ရာ တပ်မတော်သား နှစ်ဦးဖြစ်သော ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုစိုးမြင့် (ကြည်း၊ ၂၅၅၀၄) နှင့်  ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း ၂၆၀၇၀) တို့ဖြစ်ပြီး ၎င်းတို့ကို ပြည်သူ့လွှတ်တော်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၃

ပြည်သူ့လွှတ်တော် ခန်းမအတွင်း အတက်ရောဂါကြောင့် လဲကျသွားသူကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသစ်တာဝန်ပေး ခန့်အပ်ထားသေ
တပ်မတော်သား အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဆေးကုသ ပေးခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးအေးမြင့်သည် ဇန်နဝါရီလ ၂၃ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ၎င်း၏ အဖွဲ့နှင့်အတူ လာရောက် လေ့လာစဉ် ဧည့်သည်များ ထိုင်ခုံတွင် လဲကျခဲ့သောကြောင့် ၎င်းတို့က ဆေးကုသပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါ လူနာအား နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် ဆေးဝါးများကို လွှတ်တော်က တာဝန်ယူပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆေးကုသပေးခဲ့သော စစ်ဆေးဘက်ဆိုင်ရာ တပ်မတော်သား နှစ်ဦးဖြစ်သော ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုစိုးမြင့် (ကြည်း၊ ၂၅၅၀၄) နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း ၂၆၀၇၀) တို့ဖြစ်ပြီး ၎င်းတို့ကို ပြည်သူ့လွှတ်တော်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။
 
The Voice Weekly

No comments:

Post a Comment