Tuesday, 21 January 2014

မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင် သေနပ်ပစ် အနုကြမ်းစီးခံရ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Photo: မိုးကုတ်မြို့ပတ္တမြားဈေးတွင်လုယက်မှုဖြစ်ပွားသည့်
 နောက်ဆက်တွဲသတင်း

မိုးကုတ် ဇန်န၀ါရီ ၂၁

ယနေ့နေ့လည် (၁၃း၄၅) အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တစ်ချိန် တည်းဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာဓါးပြ (၇) ခန့်က သေနတ် (၂)လက်ဖြင့် လည်းကောင်းရွှေဆိုင် (၂) ဆိုင် အားတစ်ပြိုင်နက် တည်း ၀င်ရောက်လုယက်ခဲ့သည်။

ထိုသို့ဖြစ်ပွာစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် (၄)ပိဿာနှင့် အပေါင် ခံပစ္စည်းသိန်း (၅၀၀)ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ (၂)ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် (၃) စီးဖြင့် သေနတ်ပြစ်ဖောက်ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။မှ-MOI Webportal Myanmar

မိုးကုတ် ဇန်န၀ါရီ ၂၁

ယနေ့ နေ့လယ် ၂နာရီခန့်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်၊ ပတ္တမြားဈေးအတွင်းရှိ ရွှေဆိုင်နှစ်ဆိုင်
သေနပ်ပစ်ခက် အနုကြမ်း စီးခံ ရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ လူခြောက်ဦးခန့်မှ ဆိုင်ကယ်သုံးစီးဖြင်လာရောက်ခဲ့ပြီး ဆိုင်ကယ်အား ဈေးအပြင်တစ်နေ ရာတွင် ထားကာ
ဈေးအတွင်းရှိ နဂါးရွှေဆိုင်သို့ သေနက်ဖြင့် ပစ်ခက်ခြိမ်းခြောက်ကာ အသင့်ပါလာသော တူ ဖြင့် ရွှေထည့်ထားသော
မှန်ကောင်တာများအား ရိုက်ခွဲကြောင်း အသင့်ပါလာသော အိတ်ထဲသို့ ထဲ့ခဲ့ပြီး မျက်နှာချင်း ဆိုင် ဖြစ်သည့် မီလျှံ ရွှေဆိုင်မှာ
မှန်ကောင်းတာများအား အလားတူရိုက်ခွဲကာ အိတ်ထဲသို့ ထည့်ခဲ့ကြောင်း ထို့ နောက် ပြန်အထွက်တွင်
သေနပ်ဖြင့် ရမ်းသမ်းပစ်ခက်သောကြောင့်
ဝန်ထမ်း အသက်လေးဆယ် ခန့် အမျိုးသားတစ်ဦး၏
ရင်အုံသို့ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မီလျှံရွှေဆိုင်ပိုင်ရှင်၏ သမက်မှာ ပေါင်ခြံသို့ ထိမှန်၍ မိုးကုတ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း
မိုးကုတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် နိုင်ဝင်းက ပြောသည်။
ဖိုးလပြည့်
Popular Myanmar News
 
ယနေ့နေ့လည် (၁၃း၄၅) အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တစ်ချိန် တည်းဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာဓါးပြ (၇) ခန့်က သေနတ် (၂)လက်ဖြင့် လည်းကောင်းရွှေဆိုင် (၂) ဆိုင် အားတစ်ပြိုင်နက် တည်း ၀င်ရောက်လုယက်ခဲ့သည်။

ထိုသို့ဖြစ်ပွာစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် (၄)ပိဿာနှင့် အပေါင် ခံပစ္စည်းသိန်း (၅၀၀)ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ (၂)ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် (၃) စီးဖြင့် သေနတ်ပြစ်ဖောက်ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။
 
မှ-MOI Webportal Myanmar

No comments:

Post a Comment