Saturday, 11 January 2014

မိတ္ထီလာမြို့တွင် ဖဲဝိုင်းတွင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား



မိတ္ထီလာမြို့၊ ပြည်တော်သာ တောင်ဘက်ကမ်းမှာ ယနေ့ ညနေ (၅) နာရီ ၀န်းကျင်လောက်က ဖဲဝိုင်းမှတဆင့် လူငယ်ချင်း ရန်ဖြစ် စကားများရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူသတ်မှုအတွင်း ဓားနဲ့ထိုးခံရ၍ ပွဲခြင်းပြီး သေဆုံးသွားသူမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက် ဒေသတ၀ိုက် အနီးရှိ ကျေးရွာများမှ ရွာသားများ မိတ္ထီလာမြို့ပေါ်သို့ တက်လာကြတယ်လို့ သိရပါတယ်။

ပြဿနာဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရဲဌာနက တရားခံလို့ သံသယရှိသူကို ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် ကျေးရွာများက တက်လာတဲ့ ဗုဒ္ဓဘာသာဝင်များက တရားခံကို ထုတ်ပေးရန် တောင်းဆိုမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်၊ ရဲနဲ့ လုံခြုံရေးတာဝန်ရှိသူများကတော့ အခြေအနေအား သတိနဲ့ စောင့်ကြည့်နေကြပြီး၊ ကျေးရွာသားများကိုတော့ ပြဿနာများ ကြီးထွားလာခြင်းမရှိစေရန် တားဆီးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။


ညမထွက်ရအမိန့် ရတ်သိမ်းလိုက်တဲ့ မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင် အများစုပါဝင်တဲ့ ဒေသခံများကတော့ စိုးရိမ်မှုများကြောင့် တိမ်းရှောင်မှုများ ပြုလုပ်နေကြပြီး၊ အခြေအနေကို ပိုမိုကြီးထွားမလာစေရန် သက်ဆိုင်ရာအနေဖြင့် အချိန်မီ ထိန်းသိမ်းပေးကြစေလိုကြပါတယ်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့မှာ တည်ငြိမ်အေးချမ်းပြီဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားပြီး၊ ပြန်လည်တည်ဆောက်မှုများ ပြုလုပ်နေပြီဖြစ်ပြီး ဒုက္ခသည်စခန်းများမှ နေအိမ်သို့ ပြန်လည် ထွက်ခွာနေကြသည့်အချိန်လည်း ဖြစ်ပါတယ်။

အင်တာနက်မှ လူမျိုးရေးဘာသာရေးသွေးထိုးနေတဲ့ သတင်းများမှ သတင်းများကိုအလွယ်တကူမယုံကြရန်နှင့် သတင်းမှားများကို ရှုတ်ချရန်တိုက်တွန်းအပ်ပါတယ်။

ဦးဇော်ဌေး
(မိတ္ထီလာ)

No comments:

Post a Comment