Saturday, 26 October 2013

လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မည်လော


ရန်ကုန်မြို့ စားသောက်ဆိုင်တစ်ခု တွင်းရှိ စင်မြင့်ပေါ်ဝယ် အဝတ်အစား မလုံ့တလုံ ဝတ်ဆင်ထားကြသည့် အမျိုး သမီးငယ် နှစ်ဒါဇင်ခန့်တို့သည် အပြင်း စားဂီတ၏ စည်းချက်အတိုင်း လှုပ်ရမ်း ကပြလိုက် သီဆိုဖျော်ဖြေလိုက် လုပ်နေ ကြသည်။ နိုင်ငံခြားသားခရီးသွားအချို့ရှိနေကြသော်ငြား အများစုမှာမူ ဒေသ ခံများသာဖြစ်ကြသည့် ပရိသတ်က လည်း ယမကာများ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း သူတို့၏ လက်ကိုင်ဖုန်းများ ဖြင့် ယင်းဖျော်ဖြေမှုကို ဗီဒီယိုရိုက်သူက ရိုက်လျက်ရှိ၏။ တစ်ခါတစ်ရံတွင်မူ ပရိ သတ်ထဲမှ ဂုဏ်ပြုချီးမြှင့်သည့် ပန်းကုံး တို့ကို စင်ပေါ်မှအမျိုးသမီးငယ်အချို့ ရရှိသွားတတ်၏။ ပွဲသိမ်းဖျော်ဖြေမှုအပြီး ည ၁ဝ နာရီတွင် ဆိုင်တံခါး ပိတ်ပါ သည်။
စိုးရိမ်ပူပန်လျက်ရှိ
ရန်ကုန်ဝယ် ‘မော်ဒယ်ရှိုး’ဟု ခေါ် ကြသည့် အဆိုပါဖျော်ဖြေပွဲမျိုးကို ကမ္ဘာ ကျော် လိင်ခရီးသွားမြို့တော်တစ်ခု ဖြစ် သည့် ဘန်ကောက်မှ လိင်အသားပေး ဖျော် ဖြေပွဲမျိုးနှင့် နှိုင်းယှဉ်ပါလျှင်မူ မဖြစ်စ လောက်မျှသာဖြစ်သော်လည်း မြန်မာ နိုင်ငံမှ တာဝန်ရှိသူများနှင့် လူ့အခွင့် အ ရေးဆိုင်ရာအဖွဲ့အစည်းများကမူ နောင် လာမည့်ဆယ်စုနှစ်များတွင် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ သွန်ကျလာ မည့်အချိန်အတွက် ကြိုတင်စိုးရိမ်ပူပန် လျက်ရှိသည်။
၂ဝ၁၁ ခုနှစ်အတွင်းတွင်  မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၈၁၆ဝဝဝ မျှရောက်ရှိခဲ့သော်ငြား ၂ဝ၁၂ ခုနှစ်တွင် မူ တစ်သန်းထက်မက ရောက်ရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင်မူ ၂ဝ၁၁ ခုနှစ်ကထက် နှစ်ဆခန့်နီးပါးဖြစ်သည့် ခရီးသွားဧည့် သည် တစ်သန်းခွဲခန့် လာရောက်ကြမည် ဟု မျှော်လင့်ထားကြ၏။ ကမ္ဘာလှည့်ခရီး သွားများကြောင့် နိုင်ငံအတွက်လိုအပ် သည့် နိုင်ငံခြားငွေ ကန်ဒေါ်လာ သန်း ငါးရာထက်မနည်း ယမန်နှစ်က ရရှိခဲ့ သော်ငြား လိင်ကိစ္စသည် ဒေသဆိုင်ရာ ဆွဲဆောင်မှုတစ်ခုဖြစ်လာမည်ကိုတော့ တာဝန်ရှိသူများ မလိုလားကြပါ။ ထိုင်း နိုင်ငံသည် အရှေ့တောင်အာရှတွင် ခုခံ အားကျဆင်းမှုရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်နေပြီး၊ ကမ္ဘောဒီးယား တွင် အရွယ်မရောက်သေးသည့်လိင်လုပ် သားများ တိုးပွားနေခြင်းကိုထောက်ရှု ခြင်းဖြင့် တာဝန်ရှိသူများ စိုးရိမ်နေကြ ခြင်းဖြစ်ပါသည်။

ဖက်ရှင်ရှိုးပွဲကြီးမှာ မြန်မာအလှမယ် Miss Myanmar မိုးစက်ဝိုင် ဟာ Yamaymay swimsuit ၀တ်စုံဝတ်ပြီးဖက်ရှင်ရှိုးလျှောက်ဖို့ ရွေးချယ်ခံရ

Photo: ဖက်ရှင်ရှိုးပွဲကြီးမှာ မြန်မာအလှမယ်  Miss Myanmar မိုးစက်ဝိုင် ဟာ Yamaymay swimsuit ၀တ်စုံဝတ်ပြီးဖက်ရှင်ရှိုးလျှောက်ဖို့ ရွေးချယ်ခံရ
======================================
ရုရှားနိုင်ငံမှာ ကျင်းပမယ့် ဖက်ရှင်ရှိုးပွဲကြီးမှာ မြန်မာအလှမယ်  Miss Myanmar မိုးစက်ဝိုင် ဟာ Yamaymay swimsuit ၀တ်စုံဝတ်ပြီးဖက်ရှင်ရှိုးလျှောက်ဖို့ ရွေးချယ်ခံရပါတယ်။ အဲဒီဖက်ရှင်ရှိုးပွဲကြီးမှာ မိုးစက်ဝိုင်နဲ့အတူ နိုင်ငံတကာအလှမယ်တွေကလည်း ဖက်ရှင်ရှိုးလျှောက်ကြမှာ ဖြစ်ပါတယ်။အဲဒီအလှမယ်တွေကတော့.....
1. PHILIPPINES (Ariella Arida)
2. PUERTO RICO (Monic Perez)
3. VENEZUELA (Maria Gabriela Isler)
4. UKRAINE (Olga Storozhenko)
5. MEXICO (Cynthia Duque)
6. SLOVAK REPUBLIC (Jeanette Borhyova)
7. SPAIN (Patricia Rodriguez)
8. RUSSIA (Elmira Abdrazkova)
9. SWEDEN (Alexandra Friberg)

YAMAYMAY ONLY:
-Myanmar (Moe Set Wine)
-Switzerland (Dominique Rinderknecht)
-Korea (Yu Mi Kim)
-Israel (Yityish Titi Aynaw)
-Ghana (Hanniel Jamin)
-Malaysia (Carey Ng)
-Italy (Luna Voce)
-Brazil (Jakelyn Oliveira)
-Netherlands (Stephanie Tency)
-Guam (Alixess Scott)
-Curacao (Eline De Pool)
-Indonesia (Whulandary Herman)
-Peru (Cindy Mejia)

TONY WARD COUTURE ONLY:
-Turkey (Berrin Kekklier)
-Australia (Olivia Wells)
-Belgium (Noemie Happart)
-France (Hinarani De Longeaux)
-Great Britain (Amy Willerton)
-India (Manasi Moghe)
-El Salvador (Alba Delgado)
-Canada (Riza Santos)
-Romania (Roxana Andrei)
-Jamaica (Kerrie Baylis)
-Japan (Yukimi Matsuo)
-Lebanon (Karen Ghrawi)
-Nicaragua (Nastassja Bolivar)
-Poland (Paulina Krupinska)
-Panama (Carolina Brid)
-Austria (Doris Hoffman)
-Thailand ( Chalita Yaemmwanang )
-USA (Erin Brady)
by; Miss Myanmar Universe

ရုရှားနိုင်ငံမှာ ကျင်းပမယ့် ဖက်ရှင်ရှိုးပွဲကြီးမှာ မြန်မာအလှမယ် Miss Myanmar မိုးစက်ဝိုင် ဟာ Yamaymay swimsuit ၀တ်စုံဝတ်ပြီးဖက်ရှင်ရှိုးလျှောက်ဖို့ ရွေးချယ်ခံရပါတယ်။ အဲဒီဖက်ရှင်ရှိုးပွဲကြီးမှာ မိုးစက်ဝိုင်နဲ့အတူ နိုင်ငံတကာအလှမယ်တွေကလည်း ဖက်ရှင်ရှိုးလျှောက်ကြမှာ ဖြစ်ပါတယ်။အဲဒီအလှမယ်တွေကတော့.....
1. PHILIPPINES (Ariella Arida)
2. PUERTO RICO (Monic Perez)
3. VENEZUELA (Maria Gabriela Isler)
4. UKRAINE (Olga Storozhenko)
5. MEXICO (Cynthia Duque)
6. SLOVAK REPUBLIC (Jeanette Borhyova)
7. SPAIN (Patricia Rodriguez)
8. RUSSIA (Elmira Abdrazkova)
9. SWEDEN (Alexandra Friberg)

အသက် ၁၈ လနှင့် မဂ္ဂဇင်းဖတ်နိုင်သော စင်္ကာပူကလေးငယ် အိုင်ကျူ ၁၄၀ ရှိ

Photo: အသက် ၁၈ လနှင့် မဂ္ဂဇင်းဖတ်နိုင်သော စင်္ကာပူကလေးငယ် အိုင်ကျူ ၁၄၀ ရှိ

စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ်တစ်ဦးဖြစ်သူသည် အသက် ၁၈ လကတည်းက မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ပြီး အိုင်ကျူ အဆင့် ၁၄၀ ရှိကြောင်းသိရသည်။

ယခုKyler သည်၂၀၁၂ ဇူလိုင်က အသက် ၄ နှစ်ရှိသာ ရှိသေးပြီး ကျောင်း ပညာရေး ပြဌာန်း စာအုပ် များကို ဖတ်ရှုလေ့လာနေ မှတ် သားနေပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၁၈လ သာရှိခဲ့စဉ်ကသူသည် မဂ္ဂဇင်းကို အသံကျယ်လောင်စွာနှင့် ဖတ်ခဲ့ရာမိဘများ အံ့သြ၍ ဥာဏ်ရည် အဆင့် လေ့လာရေးသုတေသီသို့ သွားရောက်စစ်ဆေးခဲ့ရာ အိုင်ကျူအဆင့် ၁၄၀ ရှိသည်ကို တွေ့ရှိခဲ့သည်။ သာမန်စင်္ကာပူလူမျိုး တစ်ဦး၏ အိုင်ကျူအဆင့်သည် ၁၀၃ သာရှိသဖြင့် ကလေးငယ်ကို ဥာဏ်ကြီးရှင်ဟု သတ်မှတ်ခဲ့သည်။

အင်္ဂလိပ်စကားလုံး ဝေါဟာရများကို သီးသန့်သင်ကြားပေးစရာမလိုပဲ သူ့အလိုလို တတ်မြောက် လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် စာကိုလည်း ဘယ်ရော၊ညာပါ လက်နှစ်ဖက်လုံး နှင့် ကျွမ်းကျွမ်းကျင် ကျင် ရေးတတ်သည်ကို လက်တွေ့ပြခဲ့သည်။

ယခုအခါ Kyler Lim သည် စင်္ကာပူဥာဏ်ရည်မြင့်သူများအဖွဲ့ (Mensa Singapore) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး ဗဟုသုတ စွယ်စုံကျမ်းများ၊ အလယ်တန်း သင်ရိုးညွန်းစာပေ၊စာအုပ်များ ဖတ်ရှုလေ့လာမှတ် သား နေပြီ ဖြစ်ကြောင်း သိရသည်။ 
.
Ref: singnews
Aung Kham ( ရိုးရာလေး )

.

စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ်တစ်ဦးဖြစ်သူသည် အသက် ၁၈ လကတည်းက မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ပြီး အိုင်ကျူ အဆင့် ၁၄၀ ရှိကြောင်းသိရသည်။

ယခုKyler သည်၂၀၁၂ ဇူလိုင်က အသက် ၄ နှစ်ရှိသာ ရှိသေးပြီး ကျောင်း ပညာရေး ပြဌာန်း စာအုပ် များကို ဖတ်ရှုလေ့လာနေ မှတ် သားနေပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၁၈လ သာရှိခဲ့စဉ်ကသူသည် မဂ္ဂဇင်းကို အသံကျယ်လောင်စွာနှင့် ဖတ်ခဲ့ရာမိဘများ အံ့သြ၍ ဥာဏ်ရည် အဆင့် လေ့လာရေးသုတေသီသို့ သွားရောက်စစ်ဆေးခဲ့ရာ အိုင်ကျူအဆင့် ၁၄၀ ရှိသည်ကို တွေ့ရှိခဲ့သည်။ သာမန်စင်္ကာပူလူမျိုး တစ်ဦး၏ အိုင်ကျူအဆင့်သည် ၁၀၃ သာရှိသဖြင့် ကလေးငယ်ကို ဥာဏ်ကြီးရှင်ဟု သတ်မှတ်ခဲ့သည်။

အီရန် အမျိုးသမီးနှစ်ဦးကို သေဒဏ်ချမှတ်ခြင်း မပြုရန် မလေးရှားကို အီရန်သတိပေး


တီဟီရန်၊ အောက်တိုဘာ ၂၄

မလေးရှား အာဏာပိုင်များက အီရန် အမျိုးသမီးနှစ်ဦးကို မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်မှုဖြင့် သေဒဏ် ချမှတ်ထားပြီး ယင်းကဲ့သို့ ပြစ်ဒဏ် ချမှတ်ထားခြင်းကို ပြင်ဆင်ပေးရန် အီရန်နိုင်ငံက သတိပေး ပြောကြားလိုက်ကြောင်း Now သတင်းတွင် ဖော်ပြထားသည်။
အီရန် အမျိုးသမီးနှစ်ဦးကို သေဒဏ် စီရင်လိုက်ပါက အီရန်နှင့် မလေးရှားနိုင်ငံ ဆက်ဆံရေး ထိခိုက်လိမ့်မည်ဟု အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂတ်ဂါဗီက ပြောကြားလိုက်သည်။
သေဒဏ် စီရင်ခံရသူ နှစ်ဦး၏ အသက်ချမ်းသာခွင့် ပေးပါက နှစ်နိုင်ငံကြား ချစ်ကြည်မှုနှင့် ညီနောင်ချင်း သွေးစည်းမှု ပိုမိုခိုင်မာလာလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မလေးရှား နိုင်ငံတွင်းသို့ မက်သာအက်ဖက်တမင်း မူးယစ်ဆေးဝါးများ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း မှောင်ခို တင်သွင်းမှုဖြင့် အသက် ၃၁ နှစ်အရွယ် အီရန် အမျိုးသမီး မန်ဆာနှင့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး မီဒါတို့ကို မလေးရှား တရားရုံးက သေဒဏ် အမိန့်ချမှတ်လိုက်ပြီးနောက် အီရန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အမျိုးသမီးနှစ်ဦးကို မလေးရှားနိုင်ငံသို့ အလကား လည်ပတ်ခွင့် ပေးမည်ဟု မူးယစ်မှောင်ခို သမားများက ပြောကြားပြီး မူးယစ်ဆေးဝါးများ လိမ်ညာသယ်ဆောင် ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း အီရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ အလီမေယတ်ဒီက ပြောကြားသည်။

မကျွတ်မလွတ်တို့ မြူးတဲ့ည

အချိန်ကား ည ၁၁ နာရီ ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်တွင် ဝိုင်းစက် ပြည့်ဝန်းသော သော်တာလမင်းထံမှ လရောင်နှင့် ထွန်းထားသော မီးလုံးတို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်လျက် ရှိသည်။
“အခုကျွေးမွေးတဲ့ အစားအစာတွေ ကို မကျွတ်မလွတ်သေးသောသူ အားလုံး လွတ်လွတ်လပ်လပ် လာရောက်စားသောက် နိုင်ပါတယ်” ဟူ၍ ဆရာတော်တစ်ပါး၏ မိုက်ဖြင့် ပြောလိုက်သံ ဟိန်းထွက်လာသည်။
arti_mkmlt_01
ထိုသို့ပြောပြီး ခဏအကြာတွင် စက္ကူနှင့် ထုပ်ထားသော အထုပ်များကို အရောင်စုံ အုတ်ဂူများအပေါ် တင်လိုက်ကြကာ ကျွေးမွေးမှု စတင်ရန် ပြင်ဆင်လိုက်ကြသည်။ ယနေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပြီး နှစ်စဉ် အစဉ်အလာမပျက် ကျင်းပခဲ့သော အကျွတ်အလွတ် ပွဲတော်ကို (၃၆) နှစ်မြောက် ကျင်းပသည့်နေ့လည်း ဖြစ်သည်။
မန္တလေးမြို့၊ အေးရိပ်ငြိမ် ဘာသာပေါင်းစုံ သုသာန် (ယခင်ကြာနီကန်သုသာန်) အတွင်းရှိ မီးသဂြုင်္ိဟ်စက် အရှေ့ဇရပ်ပေါ်တွင် ရေခွက်ငယ်များကို ချထားသည်ကို တွေ့ရှိရပြီး ‘ဆွေမျိုး ပြိတ္တာများ ရေစက်ချရန်နေရာ’၊ ‘လူပုဂ္ဂိုလ်များ ဖြတ်သန်း သွားလာခြင်းမပြုရ’ ဟူသော ဆိုင်းဘုတ် အချို့ကို တွေ့မြင်ရသည်။ ရေခွက်ငယ်လေးများ အနီးတွင် အရောင်အသွေး စုံသောပန်းများ ဖြန့်ခင်းထားသည်။

ဆိုက်ကားဂိမ်း အပါအဝင် မြန်မာ့ရိုးရာ အားကစားဂိမ်းများ အခမဲ့ဖြန့်မည်

net n'teah_sygamagap_tgps

ရန်ကုန်၊ အောက်တိုဘာ ၂၅
မြန်မာနိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် အသုံးပြုနေရဆဲ ဖြစ်သည့် အနှေးယာဉ် (ဆိုက်ကား) ကို ဂိမ်းအဖြစ် တီထွင်ထားသည့် ဆိုက်ကားဆရာ ငပိန်ဂိမ်း အပါအဝင် မြန်မာ့ရိုးရာ အားကစားဂိမ်းများကို လာမည့် လမှစတင်ကာ ဆက်တိုက်အခမဲ့ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း Total Game Play Studio မှ ဒါရိုက်တာ ဦးမြင့်ကျော်သူက ပြောကြားသည်။
အဆိုပါဂိမ်းမှာ လမ်းတစ်လျှောက် အတားအဆီးများကို ရှောင်ရှားခြင်း၊ ချိုင့်များ ခုန်ကျော်ခြင်းများ ပါဝင်ကြောင်း၊ ရရှိလာသည့် အမှတ်ပေါ် မူတည်ကာ ဆိုက်ကားအသစ် ဝယ်ယူခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနစ် ဖေဖော်ဝါရီလအတွင်း စတင်ဖြန့်ချိမည် ဖြစ်ကြောင်း၊ Temple Run ဂိမ်းနှင့် ဆင်တူကြောင်းလည်း ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းကို တီထွင်ထားသည့် ရိုးရာ စစ်တုရင်ဂိမ်းကို ဒီဇင်ဘာလတွင် လည်းကောင်း၊ ဘုရင့်နောင်ဂိမ်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် လည်းကောင်း အခမဲ့ ဖြန့်ချိသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လွတ်မြောက် ဗုံးဖောက်ခွဲသူများ ဖမ်းဆီးနိုင်ရေး အာဆီယံ ရဲတပ်ဖွဲ့ အကူအညီ ရယူဆောင်ရွက်နေဟုဆို

ရန်ကုန် ၊ အောက်တိုဘာ ၂၅။ ။ လွတ် မြောက်နေဆဲဖြစ်သော ဗုံးဖောက် ခွဲမှု များနှင့်ပတ်သက်သည့် အဓိက တရားခံနှင့် အပေါင်းအပါများ ကို နယ်စပ်မှ ထွက်ပြေးမှုမရှိစေ ရန် အာဆီယံရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း နေပြည်တော် ရှိ မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ထွက်ပြေးတရား ခံ စောနေတိုးနှင့်ပတ်သက်၍ သတင်းကွင်းဆက်များ ရရှိထား ပြီဖြစ်သော်လည်း တရားခံကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အာဆီယံရဲတပ်ဖွဲ့ဝင်များကို အ ဆိုပါတရားခံနှင့်ပတ်သက်၍ သ တင်းအချက်အလက်များ ပေး ထားပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော် မှုခင်းရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''မကြာမီ ဖမ်းမိမယ်လို့တော့ မျှော်မှန်းပါတယ်။ နိုင်ငံတကာက ရဲတပ်ဖွဲ့ကလဲ ပူးပေါင်းကူညီမှု တွေ လုပ်နေပါတယ်။ ပြည်ပကို ထွက်မပြေးနိုင်အောင် အာဆီယံ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖမ်းဆီး နိုင်အောင် ဆောင်ရွက်နေဆဲပါ'' ဟု ပြောသည်။

မန္တလေးကားဝိုင်း ကျပ်သိန်းသုံးသောင်းကျော် လိမ်လည်မှု အမှုထပ်ဖွင့်မည် ဟုဆို


မန္တလေး၊ အောက်တိုဘာ၂၅

မန္တလေးမြို့တော် ယာဉ်ရောင်းဝယ်ရေး ဈေးကွက် အတွင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်ထားခြင်း ခံရသူ ကြိုးဆွဲချ သတ်သေသွားသဖြင့် အဆိုပါ အမှုကို သေဆုံးသူ၏ ဇနီးအား ဆက်လက် အမှုဖွင့်ထားသည့်အပြင် ကားဝိုင်းအတွင်း အလိမ်ခံရသူများကလည်း ၎င်းတို့ နစ်နာမှုအတွက် အမှုဖွင့်ရန် အစီအစဉ် ရှိကြောင်း လုပ်သက်ရင့် ယာဉ်ဝယ်ရောင်း အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးအောင်က ပြောကြားသည်။
“ကျွန်တော့် Customer တွေထဲမှာ လက်ရှိ ကားနှစ်စီးနဲ့ အုံနာဘုတ် ကျန်နေသေးတဲ့ ကားတွေကို ကိုယ့်အိတ်ထဲကစိုက်ပြီး လုပ်ပေးသွားရမှာ။ သူသေသွားတယ် ဆိုပေမယ့် ကျွန်တော်တို့ နစ်နာမှုအတွက် ဘာဆက်လုပ်မယ်ဆိုတာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်နေတယ်။ အမှုဖွင့်ဖို့ လိုတယ်ဆိုရင် အမှုဖွင့်သွားမယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ချမ်းအေးသာစံမြို့နယ် ဂေါဝိန်ဆိပ်အနီးရှိ ခြံတစ်ခြံတွင် ယခုနှစ် ဧပြီလမှ သြဂုတ်လကုန်အထိ ငါးလကြာ ကာလအတွင်း ယာဉ်အရောင်းအဝယ် ပြုလုပ်ကြရာမှ တစ်ဦး တည်းက ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်သွားခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သစ်ခိုးထုတ်မှု ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

သစ်ခိုးထုတ်မှု ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးရမိသော တရားမဝင် သစ်များသည် ကေအိုင်အေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က The Voice သို့ ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က  သစ်ခိုးထုတ်မှုကို ဖမ်းဆီးရန် စစ်ကြောင်းထိုးစဉ် ကေအိုင်အေနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောဆိုခြင်းအပေါ် ဦးလနန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိတဲ့ သစ်တွေဟာ  မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်တွေ။ သစ်ကုန်သည်တွေက စစ်ကြောင်းတွေနဲ့ ညှိနှိုင်းပြီး မန်စီမြို့နယ်ကတစ်ဆင့် တရုတ်ဘက်ကို ထွက်သွားမယ့် သစ်တွေ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီအထိ ရောက်လာစရာ မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

တပ်မတော်က သစ်ခိုးထုတ်မှု ဖမ်းဆီးရန် ရှိသည့်အတွက် လမ်းကြောင်းမှ ရှောင်ရန် ကေအိုင်အေကို အကြောင်းကြားထားသဖြင့် တပ်မတော် လမ်းကြောင်းမှ ရှောင်နေသော်လည်း ကေအိုင်အေ၏  ရှေ့တန်း တပ်စခန်းများသို့ စစ်ကြောင်း တက်လာသဖြင့် တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

တပ်မတော်က သစ်ခိုးထုတ်မှုများကို ဖမ်းဆီးပြီးသောအခါ တပ်လှုပ်ရှားမှုများကို ရုပ်သိမ်းသွားမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကတိပြုထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၅
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးရမိသော တရားမဝင် သစ်များသည် ကေအိုင်အေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က The Voice သို့ ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က သစ်ခိုးထုတ်မှုကို ဖမ်းဆီးရန် စစ်ကြောင်းထိုးစဉ် ကေအိုင်အေနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောဆိုခြင်းအပေါ် ဦးလနန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိတဲ့ သစ်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်တွေ။ သစ်ကုန်သည်တွေက စစ်ကြောင်းတွေနဲ့ ညှိနှိုင်းပြီး မန်စီမြို့နယ်ကတစ်ဆင့် တရုတ်ဘက်ကို ထွက်သွားမယ့် သစ်တွေ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီအထိ ရောက်လာစရာ မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

အလုပ်လက်မဲ့ ဖြစ်သွားသည့် မြန်မာသင်္ဘောသားများ ကုမ္ပဏီထံ လျော်ကြေးတောင်းမည်

Photo: အလုပ်လက်မဲ့ ဖြစ်သွားသည့် မြန်မာသင်္ဘောသားများ ကုမ္ပဏီထံ လျော်ကြေးတောင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

ငွေကြေး အရှုပ်အထွေးများကြောင့် သီရိလင်္ကာနိုင်ငံတွင် ဖမ်းဆီးခံရသည့် ကိုရီးယားနိုင်ငံရှိ KTB ဘဏ်လုပ်ငန်းပိုင် MV.EVANGELI သင်္ဘောတွင် လုပ်ကိုင်နေသော မြန်မာသင်္ဘောသားများ အလုပ် လက်မဲ့ ဖြစ်သွားသဖြင့် သင်္ဘောသို့ ဆက်သွယ် စေလွှတ်ပေးသည့် ကုမ္ပဏီထံမှ နစ်နာကြေး တောင်းမည် ဖြစ်ကြောင်း အလုပ်လက်မဲ့ ဖြစ်သွားသည့် သင်္ဘောအရာရှိတစ်ဦး ဖြစ်သူ ဦးစိုးစိုးက ပြောကြားသည်။

MV.EVANGELI တွင် လုပ်ကိုင်ရန် အလုပ်လုပ်ကိုင်ခွင့် သဘောတူညီ စာချုပ် ချုပ်ဆိုပေးခဲ့သည့် ရန်ကုန်မြို့တော် အခြေစိုက် MARINE FUTURE ကုမ္ပဏီထံမှ စာချုပ်ပါ အခွင့်အရေးအတိုင်း လျော်ကြေး တောင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အလုပ်လက်မဲ့ ဖြစ်သွားသူ သင်္ဘောသား ၁၃ ဦး အနက် သုံးဦးမှာ လျော်ကြေးတောင်းရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

စာချုပ်ပါ အချက်များအရ ခြောက်လမတိုင်မီ အကြောင်းကြောင်းကြောင့် လုပ်ငန်း ဖျက်သိမ်းရပါက လုပ်သားတစ်ဦးကို အခြေခံလစာ၏ နှစ်လစာ ပေးလျော်ရမည် ဖြစ်ပြီး ခြောက်လကျော်ပြီးမှ လုပ်ငန်း ဖျက်သိမ်းရပါက အခြေခံလစာ၏ တစ်လစာကို ပေးလျော်ရမည် ဖြစ်ကြောင်း၊ လျော်ကြေး တောင်းရန် ပြင်ဆင်နေသူ သုံးဦးတွင် တစ်ဦးမှာ လေးလကျော်သာ လုပ်ကိုင်ထားသူ ဖြစ်ပြီး ကျန်နှစ်ဦးမှာ ခြောက်လအထက် လုပ်ကိုင်ထားသူများ ဖြစ်ကြောင်း ဦးစိုးစိုးက ထပ်မံပြောဆိုသည်။

သင်္ဘောအဖမ်းအဆီး ခံရစဉ် အလုပ်လုပ်ထားသည့် လုပ်ခများ ရရှိရေးအတွက် MARINE FUTURE ကုမ္ပဏီက အကူအညီ ပေးခဲ့ခြင်း မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် (ITF) ၏  စစ်ဆေးရေးမှူး တစ်ဦးဖြစ်သူ ဦးရွှေထွန်းအောင်နှင့် တောင် ကိုရီးယားနိုင်ငံရှိ ITF တို့၏ အကူအညီဖြင့် လုပ်ခလစာများကို ပြန်လည် ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လျော်ကြေးကိစ္စနှင့် ပတ်သက်၍ MARINE FUTURE ကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ် မေးမြန်းရာ လျော်ကြေး တောင်းဆိုမှုကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်သာ ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

လျော်ကြေး ရရှိရန်အတွက် သင်္ဘောသားများထံမှ တိုင်ကြားထားသည့် တိုင်စာကို အထက်လူကြီးများထံ တင်ပြသွားမည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းသည့်အသွင်
ဖြင့် အမြန်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသားဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင်ပိုင်ရှင် အဆက်ဆက်ကပင် ပေးရန်အကြွေးများ ရှိနေပြီး ဘဏ်တွင်လည်း ပေါင်နှံထားသည့် အဆိုပါ MV.EVANGELI သင်္ဘောကို အကြွေးများအတွက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ဇူလိုင် ၁၈ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်၊ အောက်တိုဘာ ၂၅

ငွေကြေး အရှုပ်အထွေးများကြောင့် သီရိလင်္ကာနိုင်ငံတွင် ဖမ်းဆီးခံရသည့် ကိုရီးယားနိုင်ငံရှိ KTB ဘဏ်လုပ်ငန်းပိုင် MV.EVANGELI သင်္ဘောတွင် လုပ်ကိုင်နေသော မြန်မာသင်္ဘောသားများ အလုပ် လက်မဲ့ ဖြစ်သွားသဖြင့် သင်္ဘောသို့ ဆက်သွယ် စေလွှတ်ပေးသည့် ကုမ္ပဏီထံမှ နစ်နာကြေး တောင်းမည် ဖြစ်ကြောင်း အလုပ်လက်မဲ့ ဖြစ်သွားသည့် သင်္ဘောအရာရှိတစ်ဦး ဖြစ်သူ ဦးစိုးစိုးက ပြောကြားသည်။

MV.EVANGELI တွင် လုပ်ကိုင်ရန် အလုပ်လုပ်ကိုင်ခွင့် သဘောတူညီ စာချုပ် ချုပ်ဆိုပေးခဲ့သည့် ရန်ကုန်မြို့တော် အခြေစိုက် MARINE FUTURE ကုမ္ပဏီထံမှ စာချုပ်ပါ အခွင့်အရေးအတိုင်း လျော်ကြေး တောင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အလုပ်လက်မဲ့ ဖြစ်သွားသူ သင်္ဘောသား ၁၃ ဦး အနက် သုံးဦးမှာ လျော်ကြေးတောင်းရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

စာချုပ်ပါ အချက်များအရ ခြောက်လမတိုင်မီ အကြောင်းကြောင်းကြောင့် လုပ်ငန်း ဖျက်သိမ်းရပါက လုပ်သားတစ်ဦးကို အခြေခံလစာ၏ နှစ်လစာ ပေးလျော်ရမည် ဖြစ်ပြီး ခြောက်လကျော်ပြီးမှ လုပ်ငန်း ဖျက်သိမ်းရပါက အခြေခံလစာ၏

Facebook အသုံးမပြုရန် တားမြစ်မှုကြောင့် အိန္ဒိယ အမျိုးသမီးငယ် တစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်


မွမ်ဘိုင်း အောက်တိုဘာ ၂၅

အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးအား ၎င်း၏မိဘများကFacebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုရန် တားမြစ်မှုကြောင့် အဆိုပါ ကျောင်းသူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၁၇ နှစ်အရွယ်ရှိ အိုက်ရွှာယာအက်စ်ဒါ ဟီဝယ်လ်သည် ၎င်းအ Facebook အသုံးမပြုရန် တားမြစ်သော ၎င်း၏မိဘများနှင့် အချေအတင် စကားများ ပြီးနောက် အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်သည်။

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်

Photo: From Facebook
 ရန်ကုန် ၊ အောက်တိုဘာ ၂၅။ ။ မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။

မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသမီးအမည်မှာ မဝေမာလင်းဖြစ်ပြီး အောက်တို ဘာ၁၈ရက်က ၎င်း၏အမျိုးသား နှင့်အတူ အလုပ်မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မလေး ရှားနိုင်ငံရှိ အမ်းဘန်းမြို့ဆေးရုံ ၌ ဆေးကုသခံနေရသည်။

မြန်မာ့လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် ဗြိတိန်အစိုးရ ကူညီမည်

Photo: မြန်မာ့လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် ဗြိတိန်အစိုးရ ကူညီမည်
 
ရန်ကုန်၊ အောက်တိုဘာ ၂၅

ဗြိတိန်အစိုးရက မြန်မာလူငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် အကူအညီများ ပေးအပ်မည် ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်း က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံကို ပေးအပ်မည့် အထောက်အပံ့များနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ အပါအဝင် မြန်မာနိုင်ငံရှိ မျိုးဆက်သစ် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အရေးများ ဖန်တီးပေးနိုင်ရန် အကူအညီများ ပေးရေးကို ဆွေးနွေးခဲ့ကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မျိုးဆက်သစ် လူငယ်များ၏ အလုပ်အကိုင် အခွင့်အရေး ဖန်တီးပေးနိုင်ရေးကို အကူအညီ ပေးခြင်းသည် အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးနှင့် တန်းတူညီမျှ နေထိုင်နိုင်ရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ဗြိတိန် ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ပိုမိုများပြားလာခြင်းသည် တိုင်းပြည်အတွက် ကြီးမားသော အန္တရာယ်တစ်ရပ် ဖြစ်သည်သာမက အလုပ်လက်မဲ့ဦးရေ များပြားမှုသည် တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရန် အတွက်လည်း ခက်ခဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ လူငယ်များကို အဆင့်မြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးရန်၊ အလုပ်အကိုင်ကောင်းများ ဖန်တီးပေးရန်နှင့် လုပ်ငန်းခွင် စွမ်းရည်မြှင့်တင် သင်တန်း များ၊ ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်းနှင့်  ဗြိတိန်ဝန်ကြီးချုပ် နေအိမ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ ပြည်တွင်း ပဋိပက္ခများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က မြန်မာ့ ပြုပြင်ပြောင်းလဲမှု အရှိန် မြှင့်တင်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့များ ရရှိစေရန် ကူညီမည်ဟု ကတိပေး ပြောကြားခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၂၅

ဗြိတိန်အစိုးရက မြန်မာလူငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် အကူအညီများ ပေးအပ်မည် ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်း က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံကို ပေးအပ်မည့် အထောက်အပံ့များနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ အပါအဝင် မြန်မာနိုင်ငံရှိ မျိုးဆက်သစ် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အရေးများ ဖန်တီးပေးနိုင်ရန် အကူအညီများ ပေးရေးကို ဆွေးနွေးခဲ့ကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ဘင်္ဂလာဒေခ်ျ့ မတည်ငြိမ်မူ လူ ၇ ဦးသေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရ

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မနေ့က ပေါ်ပေါက်ခဲ့တဲ့ လက်ရှိ အစိုးရပါတီ ထောက်ခံသူတွေနဲ့ အတိုက်အခံပါတီ ထောက်ခံသူတွေ အကြား အပြန်အလှန် တိုက်ခိုက်မူ အတွင်း လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၄၅၀ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (BNP) ကို ထောက်ခံသူတွေဟာ မနေ့က လက်ရှိ အစိုးရပါတီ အ၀ါမီလိဂ် ထောက်ခံသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံ အနှံ့အပြားမှာ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၇ ဦးထဲမှာ မြန်မာနယ်စပ် အနီးမှာ တည်ရှိတဲ့ ကော့စ်ဘဇားခရိုင် ဆိုကရီယာမြို့က အတိုက်အခံ ပါတီ BNP အဖွဲ့ဝင် လူငယ် (၂) ဦး ပါဝင်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အတိုက်အခံ ပါတီရဲ့ ဆန္ဒပြ လူအုပ်ကို ပစ်ခတ် ဖြိုခွဲစဉ်မှာ သေဆုံးသွားခဲ့ကြတယ်လို့ ပြောပါတယ်။ တခြားသူ ၅ ဦးကလည်း သေနတ် ကျည်ဆံတွေ ထိမှန်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်တပ်ကို လူထုချစ်စေချင်


ဥရောပ ငါးနိုင်ငံ ခရီးစဉ် ဒုတိယ နောက်ဆုံး နိုင်ငံ အဖြစ် ဗြိတိန် နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့ တုန်းကတော့ ဆန်းဒ် ဟပ်စ် တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်း ပြောခဲ့ပါတယ်။
စစ်ယူနီဖောင်း အပြည့် ဝတ်ဆင် ထားကြတဲ့ ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နစ်ဟောင်တန်၊ နောက် တခြား ဗိုလ်ချုပ်တွေ၊ အရာရှိကြီး တွေနဲ့ ဗြိတိန် အပါအဝင် နိုင်ငံတကာက ဗိုလ်လောင်းတွေ ရှေ့မှာ မိန့်ခွန်းခြွေဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ကို ပန်ကြားခဲ့ တာဖြစ် ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ဟာ လန်ဒန်မြို့ အနောက်တောင် လောက်မှာ ရှိတဲ့ ဆန်းဟတ်စ် တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တာပါ။

ဒီလို ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောတာဟာ ကမ္ဘာ့ အထင်ကရ ဒီစစ် တက္ကသိုလ်ကြီးမှာ မြန်မာ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး အနေနဲ့ ပထမဆုံး ဖြစ်သလို တခြား ကမ္ဘာ့ ခေါင်းဆောင် တွေထဲ မှာတောင် ရှားရှား ပါးပါး လို့ ပြောနိုင် ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ကတော့ သူဒီကို လာတာက သင်ပြဖို့ လာတာ မဟုတ်ပဲ သင်ယူဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

လူထု လေးစား ကြည်ညိုတဲ့ ကောင်းမွန်တဲ့ စစ်တပ် တစ်ခုကို ဘယ်လို တည်ဆောက် သလဲဆိုတာကို လာ လေ့လာတာ ဖြစ်တယ်။ ဗမာ့ တပ်မတော် ကိုလည်း ဒီလို တပ် မတော်မျိုး ဖြစ်စေ ချင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိပြီး ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိကြောင်း၊ သဘာဝဘေး ကျရောက်နိုင်စွမ်းရှိသည့် ဒေသတို့ကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ ဒေသအတွင်းရှိ မီးသတ်တပ်ဖွဲ့များ ကြက်ခြေနီများနှင့် တာဝန်ရှိသူများမှ ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးမှာ မီးဘေး၊ ရေဘေး၊ ဆိုင်ကလုန်း၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှား၊ တောမီး၊ မုန်တိုင်းဒီရေတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကျရောက်နိုင်သည့် သဘာဝ ဘေးအန္တရာယ်များအနက် မီးဘေးအန္တရာယ်သည် နေရာအနှံ့အပြား ဖြစ်နိုင်ခြေရှိပြီး၊ အပူပိုင်းဒေသဖြစ်သော မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် လူနေထူထပ်သော ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့၌ ပိုမိုဖြစ်ပွား နိုင်ကြောင်း သိရသည်။ ရေလွှမ်းမိုးမှုကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း တို့၌ နှစ်စဉ် ရေလွှမ်းမိုးခြင်း ခံရပြီး အထူးသဖြင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ မဒေါက်မြစ်၊ ရွှေကျင်မြစ်ကြောင်း တစ်လျှောက်ရှိ ဒေသများတွင် အဖြစ်များကြောင်း၊

ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ

မက္ကဆီကိုမှာရှိတဲ့ အမည်ဖော်ပြဖို့ မသင့်တဲ့ အသက်လေးဆယ်အရွယ် လူတစ်ဦးဟာ သူ့ချစ်သူ မိန်း ကလေးအခြား
ယောက်ျားများ နှင့် မဖောက်ပြန်နိုင်အောင် ဂျင်းဘောင်းဘီကို သော့ခတ်မှုပြုခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရပါတယ်။

အဆိုပါ ယောက်ျားဟာ အကျင့်ကောင်းတဲ့ ခါးပတ်ကြိုးလို့ ခေါ်ဝေါ်ပြီး ချစ်သူကောင်မလေးရဲ့ ဘောင်းဘီကို
သော့ခတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် ကောင်မလေးဟာ သူ့မရဲ့ ဘောင်းဘီကို ချွတ်လို့မရသလို အခြားယောက်ျားများနဲ့လည်း ဆက်ဆံလို့ မရခဲ့ပါဘူး။

၂၅ နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးငယ်ဟာ နောက်ဆုံး သန့်စင်ခန်းသွားတဲ့နေရာမှာ အခက်တွေ့ခဲ့ပါတယ်။ သူ့မရဲ့
ဘောင်းဘီကို ဘယ်လိုမှချွတ်လို့မရတော့ပါဘူး။ ဘောင်းဘီချွတ်မရခဲ့တဲ့အတွက် ဒဏ်ရာတွေ ရရှိခဲ့ပြီးတော့ အလွန်စိတ်ဆိုး၊ ဒေါသထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သက်ဆိုင်ရာတွေကို သွား ရောက်တိုင်တန်းခဲ့ပါ
တော့တယ်။

ဆွီဒင်ဂီတအဖွဲ့ ABBA မြန်မာနိုင်ငံသို့ နိုဝင်ဘာလကုန်တွင် လာရောက်ဖျော်ဖြေမည်

8.1.1

ဆွီဒင်ဂီတအဖွဲ့ ABBA သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်တွင် လာရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် စတင်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။ ဆွီဒင်ဂီတအဖွဲ့ ABBA သည် နိုင်ငံတကာတွင် ထင်ရှားခဲ့သည့် ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံသို့ စတုတ္ထမြောက် လာရောက် ဖျော်ဖြေသည့် ကမ္ဘာကျော် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်ဟု သိရသည်။
''ဒီအဖွဲ့က တစ်ခေတ် တစ်ခါတုန်းကတော့ ထင်ရှားခဲ့တဲ့ ကမ္ဘာကျော် ဂီတအဖွဲ့တစ်ဖွဲ့လို့ ဆိုရမှာပါ။ သူတို့ရဲ့ ထင်ရှားခဲ့တဲ့ သီချင်းတွေလည်း အများကြီး ရှိပါတယ်။ အခုတော့ အရင်အဖွဲ့ဟောင်းတွေ အပြင်ကို လူငယ်အဖွဲ့ဝင် သစ်တွေကိုလည်း ထည့်သွင်း ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ကို ကြိုက်ခဲ့ဖူးတဲ့ ပရိသတ်တွေ ကြည့်စေလိုတဲ့အတွက် ဒီဖျော်ဖြေပွဲကို စီစဉ်ဖြစ်တာပါ။ လက်မှတ်တွေကိုလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်အောင် စီစဉ်ထားပါတယ်။ သူတို့အဖွဲ့နဲ့အတူ မြန်မာအနုပညာရှင်တွေလည်း ပူးပေါင်းဖျော်ဖြေနိုင်အောင် စီစဉ်နေပေမယ့် ဘယ်သူတွေဖြစ်မယ် ဆိုတာတော့ မသေချာသေးပါဘူး'' ဟု အဆိုပါ ဖျော်ဖြေပွဲအား စီစဉ်သည့် ဦးပီးပေါ်က ရှင်းပြခဲ့သည်။

သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်စောမြသေဆုံးမှု ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတထံ တိုင်ကြားမည်


ရန်ကုန်၊ အောက်တိုဘာ ၂၄
ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီ ဖြစ်သော ဆင်ညီနောင် သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်စောမြ သေဆုံးမှုနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိပါက ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတထံ တိုင်ကြားသွားမည်ဟု အဆိုပါ အမှုကို ကိုင်တွယ် ဆောင်ရွက်လျက် ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်က အောက်တိုဘာလ ၂၄ ရက်က ပြုလုပ်သည့် အမွေဆိုင် မြေကွက်များနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေး မီဒီယာများသို့ ရှင်းလင်း တင်ပြသည့် အခမ်းအနားတွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကလည်း အမှုကိစ္စနှင့် ပတ်သက်၍ ၎င်းထံ စုံစမ်းမေးမြန်းနိုင်ပြီး မထူးခြားပါက ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတထံ တင်ပြပေးမည်ဟု ကတိပြုထားကြောင်း သူရဦးအောင်ကို၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက နိုင်ငံသားများအပေါ် တရားဥပဒေ စိုးမိုးမှုဖြင့် ကာကွယ်ပေးနိုင်ရန် သိက္ခာသမာဓိ ပြည့်စုံသော ဥပဒေ ပညာရှင်များက ယင်းအမှုနှင့် ပတ်သက်ပြီး ပူးပေါင်း ရပ်တည်သွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း သက်ဆိုင်ရာ တိုင်းဌာန၊ တရားသူကြီးချုပ်က ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ဆင်ညီနောင် သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်စောမြ၏ မြေးဖြစ်သူ ဦးဝင်းနိုင်က ဆိုသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ အစိုးရဌာနများ အပါအ၀င် အဆောက်အအုံများ၌ ချိတ်ဆွဲထားရမည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေး


အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရ ဌာနဆိုင်ရာများ အပါအ၀င် အဆောက်အအုံများတွင် ချိတ်ဆွဲရမည့်အချက် ပါဝင်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းသည့် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက ''ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို တန်ဖိုးဘယ်တော့မှ မဲ့မသွားအောင်လို့ ရုံးတွေ၊ နေအိမ်တွေ၊ အဆောက်အအုံတွေမှာ ချိတ်ကို ချိတ်ရမယ်။ လိုချင်တဲ့ အဓိက အန္တိမ ရည်ရွယ်ချက်က ဓာတ်ပုံကို မပျောက်ပျက်သွားအောင် ချိတ်ပေးဖို့ပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ချိတ်ကြတယ်။ ကျွန်တော်တို့လည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကြည့်ပြီး စစ်တပ်ထဲ ၀င်ခဲ့တာ။ နောက်ပိုင်းကျတော့ ဒီပုံတွေက မရှိတော့ဘူး။ ဟိုကဖြုတ်လို့ ပြောလိုက်၊ ဒီကတပ်လို့ ပြောလိုက် အမျိုးမျိုး ဖြစ်လာတယ်။ ယနေ့ တပ်မတော်မှာတောင်မှ ဗိုလ်ချုပ်ဓာတ်ပုံကို တရားဝင် တပ်နေပြီ။ တပ်မတော် ဘက်ကလည်း အလေးအနက်ထား ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ ပြည်သူတွေ ဘက်ကလည်း လွှတ်တော်က အလေးအမြတ်ထားပြီး ဆောင်ရွက်ပေးဖို့ သင့်ပါတယ်။ အချိန်တိုလေးတော့ ကြည့်လို့မရဘူး။ နို့မဟုတ်ရင် တန်ဖိုးမဲ့ ပျောက်ကွယ်သွားနိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော


ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst (ဆန်းဒတ်စ်) တော်ဝင် စစ်တက္ကသိုလ်ကိုသွားရောက်ပြီး လေ့လာခဲ့သလို ဗိုလ်လောင်းတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မနေ့ကတော့ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ပတ်သက်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အသေးစိတ်ကိုတော့ ဗြိတိန်နိုင်ငံခြားရေးရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင် က ပြောပြပေးပါမယ်။

အခုအသံလွှင့်ချိန် မတိုင်ခင် ဗြိတိန်စံတော်ချိန် ၃နာရီ၊ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်လေ့လာ တာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Jonathan Farr က ဗွီအိုအေကိုပြောပါတယ်။

"ဒီကနေ့မှာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ လန်ဒန်စံတော်ချိန် နေ့လည်ပိုင်းမှာ ဗိုလ်လောင်းတွေနဲ့တွေ့ဆုံမှာဖြစ်ပြီး ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲ ဆိုတာကို  ဒေါ်အောင်ဆန်းစုကြည်လေ့လာမှာပါ။ ပြီးတော့ သူကိုယ်တိုင်လည်း ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ၊ဗြိတိန် မှာ သူရဲ့ ကိုယ်ပိုင်ချိန်အဖြစ်ရှိနေမှာပါ။"

အခြေခံဥပဒေပြင်ဆင်ပါက အန္တရာယ်များနိုင်သည်ဟူသည့်စကားများသည် ပြည်သူကို ခြိမ်းခြောက်ခြင်းဖြစ်

ခင်မောင်မြင့်

ရန်ကုန် - အောက်တိုဘာ ၂၅၊ ၂၀၁၃ (မော်ကွန်း)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ် ရေးဆွဲပါက မမျှော်မှန်းနိုင်သည့် အန္တရာယ်များဖြစ်လာနိုင်သည့်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန်ချက်သည် သွယ်ဝိုက်ကာ ခြိမ်းခြောက်သလိုဖြစ်သည် ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။

နောက်ပြန်ဆုတ်သွားမည်၊ စစ်တပ်ကအာဏာသိမ်းသွားမည် ဆိုသည်များသည် ပြည်သူလူထုကို စိတ်ဆင်းရဲအောင်နှင့် အထိတ်တလန့်ဖြစ်စေသည့်စကားများဖြစ်ပြီး “ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးချင်တယ်လို့ပြောရုံနဲ့ တိုင်းပြည် မပျက်ဘူး ” ဟု ၎င်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ဆန္ဒရယူရေး ဟောပြောပွဲတွင် သတင်းထောက်များ၏မေးမြန်းချက်ကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

ယူကလစ် ရွက် များ အတွင်း ရွှေ တွေ့ရှိ


သစ်ပင်များ က ပိုက်ဆံ မထွက် သော်လည်း အချို့ သစ်ပင်များ ၏ သစ်ရွက်များ အတွင်း ရွှေတွေ့ရှိ ထားကြောင်း သိပ္ပံ ပညာရှင်များ က အတည်ပြု ပြောကြား သည်။ မြေအောက် တွင် အနည်ကျ ပို့ချ နေသော ယူကလစ် ပင်များ ၏ သစ်ရွက်များ တွင် ရွှေမှုန်လေး များ ပါရှိ နေသည် ကို တွေ့ရှိ ထားပြီ ဖြစ်ကြောင်း သြစတြေးလျ သုတေသီ များ က ပြောသည်။ နှစ်ပေါင်း များစွာ မြေအောက် တွင် နစ်မြုပ် နေသော သစ်ရွက်များ ရှိ ရွှေမှုန် ရွှေမွှား လေးများ ကို ရယူ နိုင်မည့် နည်းလမ်း များ ဆက်လက် ရှာဖွေ သွားမည် ဖြစ်ကြောင်း လည်း သုတေသီ များ က ပြောသည်။

ယင်း သုတေ သနပြု လေ့လာ တွေ့ရှိချက် ကို သဘာဝ ဂျာနယ် က ဖော်ပြ ထားသည်။ မိမိတို့ အနေဖြင့် ယူကလစ် သစ်ရွက်များ တွင် ရွှေမှုန်များ ကို နည်းပညာ အသုံးပြု ထုတ်ယူ ရန် ကြိုးစားနေပြီ ဖြစ်ကြောင်း၊ သြစတြေးလျ နိုင်ငံ အတွင်း သစ်ရွက်များ တွင် ရွှေအများ အပြား တွေ့ရှိ ရကြောင်း၊ ကမ္ဘာ တစ်ဝန်းတွင် လည်း ယင်း ကဲ့သို့ သစ်ရွက် များ ၌ ရွှေ တွေ့ရှိ နိုင်ကြောင်း သြစတြေးလျ ဓနသဟာယ သိပ္ပံ နှင့် စက်မှု သုတေသန အဖွဲ့မှ ဘူမိဗေဒ ပညာရှင် ဒေါက်တာ မယ်လင်တန်း က ပြောသည်။ မြစ် ကြမ်းပြင် တွင် နစ်မြုပ် နေသော သစ်ရွက်များ ကို ရှာဖွေ ပြီး ရွှေထုတ်ယူ နိုင်ရန် ကြိုးစားနေပြီ ဖြစ်ကြောင်း လည်း ၄င်းက ပြော သည်။

ကချင်ဒုက္ခသည်စခန်း တပ်မတော် ၀င်ရောက်မှုအကြောင်းရင်း တိုင်းမှူးရှင်းပြ

Photo: ကချင်ဒုက္ခသည်စခန်း တပ်မတော် ၀င်ရောက်မှုအကြောင်းရင်း တိုင်းမှူးရှင်းပြ

ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ၀င်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူများနဲ့ ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ပြောဆိုပါတယ်။

ဒီနေ့ညနေပိုင်းက ငြိမ်းချမ်းရေးအကျိုးဆောင်PCG အဖွဲ့ဝင်သုံးဦးနဲ့ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC က တာဝန်ခံတစ်ဦးတို့ကို မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနေုာင်က မြစ်ကြီးနားမြို့  မလိခရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ခုလိုရှင်းပြခဲ့တာပါ။ အစည်းအဝေးကို တက်ရောက်တဲ့ PCG အဖွဲ့က ဦးဆန်းအောင် ပြောတာကတော့..

"လူထုနဲ့ထိတွေ့ချင်လို့ နယ်မြေကျွမ်းကျင်အောင် ဆိုပြီးတော့မှ သူတို့လှုပ်ရှားတာရှိတယ်ပေါ့၊ အဲဒါကို ဆွေးနွေးပွဲတုန်းက ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့လည်း ဆွေးနွေးပြီးသားဖြစ်တယ်၊ အဲဒါကြောင့် သူတို့က အကြောင်းကြားပြီးတော့မှ သွားတာပါလို့ ပြောပါတယ်ခင်ဗျ၊ လက်နက်ကြီးပစ်တဲ့ကိစ္စကို ဘာမှမရှင်းပြပါဘူး"

အောက်တိုဘာ ၂၂ရက်နေ့က မုန်းတင်ပါစခန်းကို လက်နက်ကြီးများပစ်ခတ်ပြီး ၀င်ရောက်ခဲ့တာဖြစ်သလို  စခန်းကအမျိုးသား ၁၀ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသူတွေကပြောပါတယ်။  တိုင်းမှုးနဲ့တွေ့ဆုံစဉ် ဖမ်းထားသူများနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ၂ ဦးကိုပြန် လွှတ်ပေးပြီးဖြစ်တယ်လို့ တိုင်းမှူးကပြောဆိုကြောင်း ဦးဆန်းအောင် ကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ၀င်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူများနဲ့ ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ပြောဆိုပါတယ်။

ဒီနေ့ညနေပိုင်းက ငြိမ်းချမ်းရေးအကျိုးဆောင်PCG အဖွဲ့ဝင်သုံးဦးနဲ့ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC က တာဝန်ခံတစ်ဦးတို့ကို မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနေုာင်က မြစ်ကြီးနားမြို့ မလိခရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ခုလိုရှင်းပြခဲ့တာပါ။ အစည်းအဝေးကို တက်ရောက်တဲ့ PCG အဖွဲ့က ဦးဆန်းအောင် ပြောတာကတော့..

"လူထုနဲ့ထိတွေ့ချင်လို့ နယ်မြေကျွမ်းကျင်အောင် ဆိုပြီးတော့မှ သူတို့လှုပ်ရှားတာရှိတယ်ပေါ့၊ အဲဒါကို ဆွေးနွေးပွဲတုန်းက ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့လည်း ဆွေးနွေးပြီးသားဖြစ်တယ်၊ အဲဒါကြောင့် သူတို့က အကြောင်းကြားပြီးတော့မှ သွားတာပါလို့ ပြောပါတယ်ခင်ဗျ၊ လက်နက်ကြီးပစ်တဲ့ကိစ္စကို ဘာမှမရှင်းပြပါဘူး"

နမ့်စန်မြို့မှာ ပြည်သူ့စစ်နဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား


ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ မနေ့က မတ်ကျန်းပြည်သူ့စစ်ဌာနေက တပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ထော်လာဂျီတစ်စီး တိုက်မိကြပြီး ထော်လာဂျီမောင်းသမားကို မတ်ကျန်းတပ်ဖွဲ့ဝင် ၁၅ ဦး လောက်က ဝိုင်းရိုက်တာကြောင့် ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိဖြစ်စဉ်တွေအပေါ် နမ့်စန်မြို့သူ မြို့သားတွေအနေနဲ့ ထိတ်လန့်တုန်လှုပ်နေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မတ်ကျန်းငြိမ်းချမ်းရေးအဖွဲ့နဲ့ ဒီနေ့လည်း သေနတ်အပစ်ခံရတဲ့အခါကျတော့ မြို့သူမြို့သားတွေက တော်တော်လေးထိတ်လန့်တုန်လှုပ် ခြောက်ခြားနေကြတဲ့ အခြေအနေရှိတယ်"