စပိန် အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Patelo လို့ခေါ်တဲ့ လူက ထီထွင်ခဲ့တာဖြစ်ပါတယ်။
တိကျသပ်ရပ်လှတဲ့ ဖန်တီးမူ အနုပညာရပ်တစ်ခုပါပဲ။
ဒီလိုဖြစ်လာဖို့အတွက် နာရီပေါင်း (၁၂၀၀) ကျော်လောက် ဒီဇိုင်းဆွဲ၊ ဖြတ်တောက် ပြုလုပ်တပ်ဆင်ထားရတာပါ။
အလူမီနီယံတုံးတွေ၊ အစွန်းထင်ခံသံမဏိသားတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
(0.1kg/sqcm) နဲ့ လေဖိအားထိုးသွင်းဖိသိပ်ထားပါတယ်။
ဆလင်ဒါ ဟိုဘက်(၆)လုံး ဒီဘက်(၆)လုံးရှိတဲ့ V12 အင်ဂျင် ဖြစ်ကာ 11.3 မီလီမီတာရှိ ပစ်စတုန် တွေနဲ့ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။
တကယ်ကို သေးသေးလေးပါပဲ။ လူကြီးလက် သီးဆုပ်လောက်ပဲရှိပါလိမ့်မယ်။
ဒီဇိုင်းတွေကို သေသေချာချာရေးဆွဲကာ အစိတ်အပိုင်း(၂၆၁) ရှိတဲ့ ဒီ V12 အင်ဂျင်ကို လက်နဲ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Aung Heine (Smart.com.mm)
Smart Pro Journal
No comments:
Post a Comment