Monday, 16 December 2013

ဒေါ်အောင်ဆန်းစုကြည်၊ ကိုဖိုးလပြည့် နဲ့ အားကစားပွဲလည်ဆွဲ

 တက္ကသိုလ်များ ချံပီယံ လိဂ် UCL ရဲ့ ဖေ့စ်ဘုတ် အက်ဒမင်အဖွဲ့က နောက်ထပ်ပို့စ်တခုကတော့ ဆီးဂိမ်း မှာ ဝင်ခွင့် ကတ်လည်ဆွဲ မပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံနဲ့ ဖိုးလပြည့် ဓာတ်ပုံကို ယှဉ်နှိုင်း ထောက် 
ပြပြီး အခုလို ရေးထားပါတယ်။ 


ဓာတ်ပုံ- UCL ဖေ့စ်ဘုတ်

ပုံ(၁) - ဧည့်သည်တော်တစ်ဦးကို အကြောင်းအမျိုးမျိုးကြောင့် လည်ဆွဲကတ်မပါဘဲ ဆီးဂိမ်း(စ)ပြိုင်ပွဲတစ်ခု တွင်တွေ့ရစဉ် 

ပုံ(၂) - UCL ဥက္ကဌ၏လည်ဆွဲကတ်နှင့် ယင်းကတ်ဆွဲ၍ ဓာတ်လှေကားမှထွက်လာစဉ် (ဘယ်မြန်မာနိုင်ငံ သား မဆို ကတ်ပြားပါတာမပါတာထက် မြန်မာပြည်ကိုယ်စားပြု ကစားသမားများကို ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲအားပေးဖို့ပဲလိုပါတယ်။ 

အခုလို အမိမြေအတွက် မင်္ဂလာအရှိဆုံးအချိန်အခါ မှာ မြန်မာ ပြည်သား အချင်းချင်း သံသယ၊ ဝန်တိုစိတ် များ ဘေးဖယ်ထားပြီး မြန်မာပြည် ကိုယ်စားပြုအားကစားသမား များ ကို လှိုက်လှိုက်လှဲလှဲအားပေး၊ ဂုဏ်ပြုသွားကြပါဆို့လို့ တိုက်တွန်းရင်း.....) 

GO GO TEAM MYANMAR....GOAL TO THE GOLD!!!!!!!! တဲ့။ 



ဒီပို့စ် မတိုင်ခင်  ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး၊တက္ကသိုလ်များ ချံပီယံ လိဂ် UCL ရဲ့ ဥက္ကဋ္ဌ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့ ကိုယ်စား UCL ရဲ့ ဖေ့စ်ဘုတ် အက်ဒမင်အဖွဲ့က ဖိုးလပြည့်၊ မိုးစက်ဝိုင်တို့နဲ့ ပတ်သက်တဲ့ ဆီးဂိမ်း ဖွင့်ပွဲမှာ ဝင်ခွင့် ကတ်ပြား ပါတယ်၊ မပါဘူး ဆိုတဲ့ ကိစ္စ စာရှည်တခု ရေးသားထားပါတယ်။


အိမ့်သံစဉ် ~
Irrawaddy Blog

No comments:

Post a Comment