Wednesday, 11 December 2013

ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ်



ယနေ့ ဦးဝင်းချို နှင့် အပေါင်းအပါ (၆)ဦးထဲမှ (၅)ဦး ကျင့်(၄၀၁)ဖြင့် ထောင်မှပြန်လွှတ် ၊ ဓါတ်ပုံ - ကိုသန့် ဇင် 
ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ တွင် ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ် တရားသူကြီး ဦးကျော်စိုးမှ  ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင် ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ပါသည်။

၎င်းတို့(၆)ဦး အမှု ရင်ဆိုင် နေစဉ်ကာလအတွင်း ချုပ်ရက် ပေါင်း(၉၀)ရက် ရရှိထားပြီ ဖြစ်သည်။

 (၁၁.၁၂.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်တွင် သမ္မတ၏ လွတ်ငြိမ်ချမ်းသာခွင့် အမိန့် နှင့် ဦးဝင်းချို၊ လေးနိုင်ဦး၊ ဘုံဘုံ၊ ဟန်လင်းအောင်နှင့် ထိန်လင်းတို့အား ကျင့်(၄၀၁)ဖြင့် ပဲခူးအကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်သည်။

သို့ သော် ကိုရန်ပိုင်စိုးမှာ ခြံမြေကိစ္စ ပုဒ်မ ၄၄၃ဖြင့် တရားဆွဲဆို ထားသောကြောင့်(၁၃.၁၂.၂၀၁၃)နေ့တွင် အာမခံရ၍ လွှတ်မြောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Thit Htoo Lwin

No comments:

Post a Comment