Thursday, 7 November 2013
ဆီတင်သင်္ဘောများကို ပင်လယ်ဝက စောင့်ပြီး စစ်မည်
လောင်စာဆီနဲ့ ဓာတ်ဆီတွေ တင်သွင်းလာတဲ့ သင်္ဘောတွေကို ရန်ကုန်အ၀င် ပင်လယ်ဝ မှာ mobile team အဖွဲ့ဝင် ၃၀ လောက် ချထားပြီး စစ်ဆေးဖို့ စီစဉ်နေတယ်လို့ အဖွဲ့ဝင် တဦးက ပြောပါတယ်။
ရန်ကုန်ကို ၀င်မယ်ဆိုရင် ဒီ ပင်လယ်ဝကပဲ ၀င်ရတာ ဖြစ်တဲ့အတွက် အခုလို စီစဉ်ရတာပါလို့ သူက ရှင်းပြပါတယ်။
ဒါပေမယ့် ဒီ သင်္ဘောကြီးတွေကို အဲဒီပင်လယ်ဝ မှာပဲ သင်္ဘောကို ချက်ချင်း ရပ်ခိုင်းရင်
အဆင်မပြေတာကြောင့် သင်္ဘောတွေ ရပ်ဖို့ သတ်မှတ်ထားတဲ့ နေရာရောက်မှ စစ်ဆေးမှာ
ဖြစ်ပါတယ်။
ပင်လယ်ဝကို ၀င်လာတဲ့ ဆီတင်သင်္ဘောတွေကို တန်ချိန် ဘယ်လောက်ပါတယ် ဆိုတာ ဆက်သွယ်ရေးစက်နဲ့ မေးမြန်းထားမှာ ဖြစ်ပါတယ်။
မေးပြီးရင် သင်္ဘောရပ်ဖို့ သတ်မှတ်ထားတဲ့ နေရာအထိ သွားရင် ဘယ်လောက် ကြာမယ်
ဆိုတာ မှန်းပြီး အဲဒီသင်္ဘောရောက်မယ့် အချိန်မှာ mobile team အဖွဲ့ဝင်တချို့က စစ်ဆေးကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လွှတ်တော်မှာ ရွှေသံလွင်၊ ရာဇာမင်းနဲ့ ကုမ္ပဏီတချို့ ဆီမှောင်ခိုသွင်းတာကို အမတ်တဦး ဖွင့်ချခဲ့ဖူးပါတယ်။
DVB

No comments:
Post a Comment