Wednesday, 13 November 2013

လမ်းစဉ်ပါတီဥက္ကဋ္ဌဟောင်း ဦးနေဝင်း၏ မြေး အေးနေဝင်းနှင့် ကျော်နေဝင်း တို့က ၄င်းတို့အား နိုင်ငံရေးအကျဉ်းသား စာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆို


ရန်ကုန်၊ နိုဝင်ဘာ ၁၁

နိုင်ငံကိ ၂၆နှစ်တာအုပ်ချုပ်ခဲ့သူ ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ဥက္ကဋ္ဌဟောင်းဦးနေဝင်း၏ မြေးများ ဖြစ်သည့် အေးနေဝင်းနှင့် ကျော်နေဝင်း က နိုင်ငံရေး အကျဉ်းသားစာရင်းတွင် ၄င်းတို့ကိုထည့်သွင်းပေးရန် လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီသို့စာပို့ခဲ့ကြောင်း သိရသည်။
”ဟုတ်ပါတယ်။ ကော်မတီဝင် တစ်ဦးချင်းစီကို စာပို့တာပါ” ဟု လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ် ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဘိုကြည်က ပြောသည်။
ယင်းစာကို နိုဝင်ဘာလ ၇ ရက် နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ကော်မတီ အနေဖြင့်လည်း စိစစ်နေဆဲအနေအထား ဖြစ်ကြောင်း ၄င်းက ပြောသည်။
”အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ နဲ့ ဆက်သွယ်တင်ပြရင် ကျွန်တော်တို့ စဉ်းစားပါတယ်။ နိုင်ငံရေးအရ ဥပဒေ အရ ကျွန်တော်တို့ စဉ်းစားတယ်” ဟု ဦးဘိုကြည်က   ပြော သည်။
ယခင်အစိုးရက ရဲဘော်သုံးကျိပ် ဝင်နှင့် အာဏာရှင်ဟောင်း ဦးနေဝင်း ကို ၂ဝဝ၂ ခုနှစ်တွင် ၄င်း၏ သမီးဖြစ် သူ ဒေါ်စန္ဒာဝင်းနှင့်အတူ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့် သားများဖြစ်သည့် အေးနေဝင်း၊ ကျော် နေဝင်းနှင့် ဇွဲနေဝင်းတို့ကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခဲ့သည်။

 ဒေါ်စန္ဒာဝင်းသည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် နေအိမ်အကျယ် ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် မတ်လတွင် ဇွဲနေဝင်း ပြန်လည်လွတ်မြောက်ခဲ့ သည်။ အေး နေဝင်း၊ ကျော်နေဝင်းနှင့် ၄င်းတို့၏ ဖခင်ဖြစ်သူမှာ လက်ရှိတွင် အင်းစိန် အကျဉ်းထောင်၌ အကျဉ်းကျနေရ သည်ဟု သိရသည်။
 လက်ရှိတွင် ၈၈ မျိုးဆက်၊ နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တို့က လက်ကျန်နိုင်ငံရေး အကျဉ်းသား စာရင်းကို ပူးပေါင်းပြုစုနေပြီးလက်ရှိ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၄၇ ဦး စာရင်းရထားကြောင်း၊ နိုင်ငံ ရေး အကျဉ်းသားများ၏ မိဘဆွေမျိုး များသည်လည်း မိမိတို့၏ မိသားစုဝင် များ ကျန်ရှိပါက အထက်ပါအဖွဲ့များသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း AAPP တွဲဖက် အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးဘိုကြည်ကပြောသည်။
မေဇင်ဝင်း
popularmyanmar.com

No comments:

Post a Comment