Sunday, 17 November 2013

ချီကာဂို လေဆိပ်ထဲတွင် အမျိုးသမီးတစ်ဦး မိကျောင်း တစ်ကောင်ကို လွှတ်ပေး

OLYMPUS DIGITAL CAMERA

ချီကာဂို၊ နိုဝင်ဘာ ၁၆

ချီကာဂို လေဆိပ်ထဲမှာ အမျိုးသမီးတစ်ဦးက နှစ်ပေလောက် ရှည်တဲ့ မိကျောင်းပေါက် တစ်ကောင်ကို လာလွှတ်သွားတာကို CCTV ကတစ်ဆင့် တွေ့ခဲ့ရလို့ သူ့ကို အရေးယူဖို့ ရဲက လိုက်ရှာနေတယ်လို့ sky news သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။
“ဘူတာရုံထဲကို သမင် ဝင်လာတာ။ ဘတ်စ်ကားပေါ်မှာ ကြက်တွေ ပါလာတာကို ကျွန်တော် မြင်ဖူးပါတယ်။ ဒါပေမဲ့ လေဆိပ်ကို မိကျောင်း ရောက်လာတာတော့ ဒါပထမဆုံး တွေ့ဖူးတာပါ” ဟု ဒီအမျိုးသမီး စီးလာတဲ့ ရထားလိုင်းရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားပါတယ်။
ရထားပေါ်မှာ ဒီအမျိုးသမီးဟာ ဖုန်းပြောရင်း မိကျောင်းပေါက်ကို ချော့မြှူ နေတယ်လို့ မျက်မြင်သက်သေ များကရော CCTV ရုပ်ပုံများကပါ ဖော်ပြထားပါတယ်။
အမျိုးသမီးက ရထားပေါ်က ဆင်းသွားခဲ့ပြီး လေဆိပ်မှာ ရှိတဲ့ကင်မရာ များမှာတော့ သူ့မှာ မိကျောင်း ပါမလာတော့တာကို တွေ့ရပါတယ်။
နောက်တော့ မိကျောင်းကို လေဆိပ် အထုပ်အပိုး ရွေးတဲ့ စက်လှေကားနားမှာ တွေ့ခဲ့ပြီးတော့ လေဆိပ် ရဲတွေက အမှိုက်ပုံး တစ်ခုကို သုံးပြီး ဒီသားရဲတိရစ္ဆာန်ကို ဖမ်းခဲ့ပါတယ်။
အီလီနွိုက်စ် ပြည်နယ် ဥပဒေအရ အိမ်မှာ မမွေးရတဲ့ သတ္တဝါတွေထဲမှာ မိကျောင်းလည်း ပါတာမို့ ဒီလုပ်ရပ်ဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment