Tuesday, 12 November 2013
မာလာလာ၏ စာအုပ်ကို ပါကစ္စတန် ပုဂ္ဂလိကကျောင်းများ ပိတ်ပင်
သူမသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ကံအားလျော်စွာဖြင့် အသက်မသေခဲ့ဘဲ လတ်တလောတွင် ဗြိတိန်၌ နေထိုင်လျှက်ရှိသည်။ ပါကစ္စတန် ထိပ်တန်းအရာရှိ အချို့က မာလာလာ၏ I Am Malala စာအုပ်သည် ပါကစ္စတန် ဆန့်ကျင်ရေးနှင့် အစ္စလာမ်ဝါဒ ဆန့်ကျင်ရေး ဖော်ပြချက်များ ပါရှိနေကြောင်း စွပ်စွဲခဲ့သည်။ ပါကစ္စတန် နိုင်ငံလုံးဆိုင်ရာ ပုဂ္ဂလိကကျောင်းများ အဖွဲ့ချုပ် အကြီးအကဲ ကာရှစ်ဖ်မာဇာက "ဟုတ်တယ်။ ကျွန်တော်တို့ မာလာလာရဲ့ စာအုပ်ကို ပိတ်ပင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ရေးသားမှုတွေက နိုင်ငံရဲ့ အတွေးအမြင် ရပ်တည်ချက်နဲ့ အစ္စလာမ်မစ် တန်ဖိုးဂုဏ်ရည်တွေကို ထိခိုက်စေတာကြောင့်ပါပဲ"ဟု ပြောကြားခဲ့သည်။
မာလာလာသည် ယခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် အမြင့်မားဆုံး မျှော်လင့်လျာထားခံရသူ တစ်ဦးပင် ဖြစ်ခဲ့သည်။ မာဇာက "ကျွန်တော်တို့ မာလာလာကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမီးပျို တစ်ယောက်ပါ။ ပြီးတော့ သူ့ဖခင် ကိုယ်တိုင်က မာလာလာရဲ့ စာအုပ်ထဲမှာ ရေးထားတဲ့ အပိုင်းတချို့ကို ပယ်ဖျက်ပေးဖို့ ထုတ်ဝေသူကို တောင်းဆိုခဲ့ဖူးကြောင်းလည်း ကျွန်တော်တို့ သိထားပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
Planet Myanmar Network
No comments:
Post a Comment