Sunday, 17 November 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၀န်ကြီး ချုပ် ဟောင်း တိုနီ ဘလဲ နှင့် ပြည်သူများ ဘ၀ တိုးတက်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ကျေးလက် မီးလင်းရေး၊ လျှပ်စစ် ကဏ္ဍတို့ နှင့် စပ်လျဉ်း၍ ဆွေးနွေး

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၀န်ကြီး ချုပ် ဟောင်း တိုနီ ဘလဲ နှင့် ပြည်သူများ ဘ၀ တိုးတက်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ကျေးလက် မီးလင်းရေး၊ လျှပ်စစ် ကဏ္ဍတို့ နှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲနှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်သူများ၏ လူမှု စီးပွားဘဝ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပိုမို ဝင်ရောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက် မီးလင်းရေးနှင့် လျှပ်စစ်ကဏ္ဍတွင် ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမို ရရှိရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ  တွေ့ဆုံပွဲသို့  ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

မြ၀တီ သတင်း

No comments:

Post a Comment