Thursday, 14 November 2013

နိုင်ငံတကာကူညီထောက်ပံ့သော အဖွဲ့များကို ခြိမ်းခြောက်မှုနှင့် မောင်း ထုတ်မှု အမေရိကန် မြန်မာကိုသတိပေး

Thursday, November 14, 2013

ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးများ လုပ်ဆောင်နေသော လုပ်သားများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ ရန်စသူ၊ အန္တရာယ်ပေးသူ မည်သူ့ကိုမဆို အပြင်းအထန် ချက်ချင်း အရေးယူဖို့ ပြည်နယ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၁၄ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ရခိုင်ပြည်နယ်သို့ အမေရိကန်၊ ဆွစ်ဇာလန် သံအမတ်ကြီးများနှင့် ဗြိတိသျှသံအရာရှိများ မြန်မာဝန်ကြီး နှစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီတို့နှင့်အတူ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁မှ ၁၂ရက်အထိ သွားရောက်  လေ့လာခဲ့ပြီး ဒုက္ခသည်များအခြေ အနေနှင့် နှစ်ဖက် လူ့အသိုင်းအဝိုင်းကြားမှ တင်းမာမှုများကိုပါ လေ့လာခဲ့ သည်ဟု သံရုံး ကြေညာချက်က ဆိုသည်။ 

အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်ဦးဆောင်သော အဆိုပါသံအရာရှိများအဖွဲ့သည် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ အမျိုးသားရေးလက္ခဏာဆိုသော ကြွေးကြော်သံဖြင့် လူမျိုးတစ်မျိုးအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ လူသားချင်းစာနာ ထောက်ထား သော ကူညီထောက်ပံ့မှုများကို နှောင့်ယှက်ဟန့်တားမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းကလုံးဝသည်းခံမည် မဟုတ်သလို မည်သည့်အခြေအနေအောက် တွင်မဆို လုံးဝ လက်မခံကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

နယ်စည်းမခြား ဆရာဝန်များအဖွဲ့အပါအဝင် အခြား နိုင်ငံတကာ အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် များကိုသာ ထောက်ပံ့ကူညီနေသည်ဟူသော စွပ်စွဲချက် များဖြင့် ဒေသခံများက ကူညီသူများ၊ အဖွဲ့အစည်းများကို ရခိုင် ပြည်နယ်မှ ထွက်ခွာသွားရန် သတိပေးခြိမ်းခြောက်ခြင်းများ ဆက်တိုက်ပြုလုပ် ခဲ့ကြသည်။ ယင်းလုပ်ရပ်အပေါ် မြန်မာ အစိုးရက တရားဝင် တုံ့ပြန်ခြင်းမရှိသလို ယင်းကဲ့သို့ ခြိမ်းခြောက်နေသူများကိုလည်း အရေးယူတားမြစ်ခြင်းများ ဆောင်ရွက်ခြင်းမရှိသေးပေ။
ုkamayutmedia

Kamayutmedia

No comments:

Post a Comment