Tuesday, 15 October 2013

စိတ်ဖြင့် စမတ်ဖုန်းကို ခိုင်းစေမည့် Headphone

Photo: စိတ်ဖြင့် စမတ်ဖုန်းကို ခိုင်းစေမည့် Headphone 

Defense Advanced Research Projects Agency (Darpa) အဖွဲ့အစည်းမှ ဖန်တီးလိုက်တဲ့ Headphone ဖြစ်ပါတယ်။

မပြီးပြည့်စုံသေးပါဘူး။ Under development ပါ။ စိတ်က ခံစားချက်များကို Headphone ကလိုက်မှတ်ပီး ဖုန်းထဲကို Bluetooth နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီမှာ ကြားခံဆက်သွယ်ပေးမယ့် App တစ်ခုသာ Install လုပ်ရမှာ ဖြစ် ပါတယ်။ ဦးနှောက်ကနေ ကိုယ်ပို့ချင်တဲ့ စာကို စဉ်းစား ရေးလိုက်ရုံနဲ့ ဖုန်း Message ထဲမှာ အလိုအလျောက် ရေးသားပြီး ပို့ချင်တဲ့သူကို choice လုပ် ပို့နိုင်မှာ ဖြစ်ပါတယ်။Headphone မှာတပ်ဆင်မယ့် ပစ္စည်းက Brain Recording Device ဖြစ်တဲ့ EEG Reading ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ အကုန်ကျ သက်သာတဲ့ ပစ္စည်း ဖြစ်ခြင်းပါ။ လက်ရှိ Emotive gaming မှာ ပါဝင် အသုံးပြုတဲ့ ပစ္စည်း ဖြစ်ပြီး ဈေးအသက်သာ ဆုံး ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။ 

Headphone တစ်ခုလုံးရဲ့  ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ၃၀ ထဲပါ။ ကားစီးနေရင်း၊ မောင်းနေရင်း၊ ခရီးသွားနေရင်း၊ ရထားစီးနေရင်း အချိန်တွေ စာပို့ဖို့မအားတဲ့အခါ ပြီးတော့ ဖုန်းကနေ ဂိမ်းဆော့နေရင် စာဝင်လာတာတွေ ကို ပြန်ဖြေကြားဖို့အတွက်နဲ့ အခြားသော Feature အတော်များများကို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Darpa ဟာ ယင်းပစ္စည်းကို နှစ် အနည်းငယ် အတွင်း အပြီးသတ် ထုတ်လုပ်ဖန်တီးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/headphone.html

No comments:

Post a Comment