Sunday, 6 October 2013

၃ လကျော်အကြာ ပုလင်းထဲ အရက်စိမ်ထားတဲ့ မြွေက လူကို ကိုက်

ဆေးဖက်ဝင်တယ်ဆိုပြီး ပုလင်းတခုထဲမှာ အဖုံးပိတ်ပြီး အရက်နဲ့ နှပ်ထားတဲ့ မြွေက ၃ လကျော်ကြာ
ပြီးနောက် အသက်ပြန် ၀င်လာပြီး အမျိုးသမီး တဦးကို ကိုက်လိုက်ပါတယ်။ 


 ဓာတ်ပုံ- The Mirror

တရုတ်ပြည်မှာ မြွေကို အရက်စိမ်ပြီး ဆေးဖက်ဝင်အဖြစ် အသုံးပြုကြလေ့ရှိပါတယ်။ ၃ လကျော်ကြာ ပုလင်းထဲ အလုံပိတ် ပြီး အရက်နဲ့ နှပ် ထားတဲ့ မြွေ  ( Pickled Snake ) က နိုးထလာပြီး ကိုက်လိုက်တဲ့ အဖြစ် ကတော့ တကယ့်ကို မယုံနိုင်ဖွယ်အံ့သြစရာ အဖြစ်ပါ။ 

ဒါဟာ တကယ့်ကိုပဲ တရုတ်ပြည် မြောက်ပိုင်း ဟာဘင် မြို့မှာ ဖြစ်တယ်လို့ ဂျပန် Yahoo သတင်းကို ကိုးကားပြီး The Mirror က ဖော်ပြထားပါတယ်။


အဆိုပါ မြွေကိုက်ခံလိုက်ရတဲ့ အမျိုးသမီးက ပုလင်းထဲမှာ အရက်ထပ်ဖြည့်ဖို့ လုပ်တဲ့အချိန် မှာ မြွေက 
ခေါင်း ထောင်လာတာ ကြောင့် သူက လက်ချောင်းနဲ့ မြွေကို ပုလင်းထဲ ပြန်ထည့်ဖို့ အလုပ်မှာ မြွေက သူ့လက်ကို ကိုက်လိုက်တာပါ။ 

ဒါနဲ့ မိသားစုဝင်တွေက ချက်ခြင်းပဲ မြွေကိုက်ခံရသူ အမျိုးသမီးကို ဆေးရုံကို ပို့လိုက်ကြတယ်။ ကံကောင်း စွာနဲ့ အဆိုပါ အမျိုးသမီးဟာ အသက်ရှင်ခဲ့ပါတယ်။ 


အိမ့်သံစဉ် ~ 
Irrawaddy Blog

No comments:

Post a Comment