Friday, 18 October 2013

စနေနှင့် ကြာသပတေး ဂြိုဟ်တွင် စိန်မိုးများ ရွာချခဲ့

သိပ္ပံပညာရှင်တွေရဲ့ တွက်ချက် ပြောဆိုချက်တွေ အရ စနေနဲ့ ကြာသပတေး ဂြိုဟ်တွေပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကာဗွန် ဓာတ်ငွေ့ထုကြီးဟာ ပုံဆောင်ခဲအသွင်နဲ့ စိန်မိုးများအဖြစ် အဲ့ဒီဂြိုဟ်တွေ ပေါ်မှာ ရွာကျလာ နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီစိန်တုံး တွေဟာ နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ လက်စွပ်ကွင်းပြီး ၀တ်ဆင်နိုင်လောက်တဲ့ အထိ အရွယ်အစား ကြီးမားနိုင်တယ် လို့ လည်း အဲ့ဒီသိပ္ပံရှင်တွေက ဆိုပါတယ်။
 
စနေနဲ့ ကြာသပတေး ဂြိုဟ်ပေါ်မှာ မီသိန်း ဓာတ်ငွေ့တွေ ဖြစ်ပေါ်လျက်ရှိပြီး အဲဒီဓာတ်ငွေ့တွေဟာ မိုးကြိုး မုန်တိုင်းဖြစ်ပေါ်မှုကြောင့် ကာဗွန် အသွင်ပြောင်း လဲသွားကာ တဖြေးဖြေး မာကြောလာနိုင် ပြီးနောက် ဂရမ်ဖိုက် အဆင့်မှ စိန်တုံး၊ စိန်ခဲများ အသွင် ဖြစ်တည် ပြောင်းလဲ သွားနိုင်ကြောင်း၊ အကြီး ဆုံး စိန်တုံးရဲ့ အရွယ်အစားဟာ အချင်း တစ်စင်တီ မီတာခန့် ရှိနိုင်ကြောင်း သိရပါတယ်။
 
ဒါ့အပြင် ဒီလို ရွာချလိုက်တဲ့ စိန်မိုး တွေဟာ စနေဂြိုဟ်မှာ တစ်နှစ်ကို တန်ချိန် တစ်ထောင် ခန့်အထိ ရှိနိုင်ကြောင်းလည်း ၀စ္စကွန်စင်- မက်ဒီဆင် တက္ကသိုလ်မှ သိပ္ပံပညာရှင် တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
http://myanmaspectrum.blogspot.com/2013/10/blog-post_9024.html#more

No comments:

Post a Comment