Tuesday, 22 October 2013

ဆီးဂိမ်းကြိုဆို ကာရာဘောင်ဖျော်ဖြေပွဲနဲ့ နိုင်ငံတကာ အလှမယ်လေးများ

လာမည့် ဒီဇင်ဘာလဆိုရင် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့
တောင် အာရှ အားကစား ပြိုင်ပွဲ ) ဆီးဂိမ်း) ရံပုံငွေပွဲအဖြစ် ထိုင်းနိုင်ငံက နာမည်ကြီး အဆိုတော် ကာရာဘောင် CARABAO နဲ့ အဖွဲ့က မနေ့ညက အခမဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

အဆိုတော်ကာရာဘောင်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့သီချင်းကိုလည်း ရေးစပ်သီဆိုခဲ့ဖူး တဲ့ နာမည်ကြီး ထိုင်းအဆိုတော်တဦးလည်းဖြစ်ပါတယ်။
  

အဲဒီပွဲမှာ မြန်မာနိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံတကာက Miss International အလှမယ်လေးများက လည်း မြန်မာဝတ်စုံတွေ ဆင်မြန်းပြီး မိုဒယ်အလှပြ လမ်းလျှောက်ပြခဲ့ပါတယ်။ ဒီအထဲ နန်းခင်ဇေယျာ လည်း ပါဝင်ခဲ့တာပေါ့။ 












အဲဒီ နိုင်ငံတကာ အလှမယ်လေးတွေနဲ့ အတူ စိုင်းစိုင်း ခမ်းလှိုင်ကလည်း ပါဝင် ခဲ့တယ်လို့ သိရပါတယ်။ အင်း စိုင်းစိုင်းခမ်းလှိုင်က စင်ကာပူက အလှမယ်လေးက လှတယ်လို့ သူ့ဖေ့စ်ဘွတ်မှာ မှတ်ချက်ပေး ထားလေရဲ့။ 

"ညဦးပိုင်းမှာ ရှိုးတွေထုတ် ပဲတွေများပြီး မင်းသားတွေနဲ့ အပြိုင် miss international တွေနဲ့ fashion show လျှောက်တယ်........P.S. စင်္ကာပူမယ် တော်တော်ချောပါတယ်း)" လို့ စိုင်းစိုင်း က ရေးထား ပါ တယ်။ 


အိမ့်သံစဉ် ~
Irrawaddy News

No comments:

Post a Comment