Thursday, 24 October 2013

မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

Photo: မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက သော့ချက်ဖြစ်သည့် ပညာရေး ကဏ္ဍတွင် သြစတြေးလျနိုင်ငံက ဦးစားပေး ကူညီပံ့ပိုးပေးလိုမှု၊ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် ၁၉၅၃ ခုနှစ်မှစ၍ နှစ်နိုင်ငံ သံတမန် ဆက်သွယ်ခဲ့ပြီး လက်ရှိတွင် သံတမန် ဆက်ဆံမှုမှာ နှစ်ပေါင်း ၆၀ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါက်တာ ဖေသက်ခင်၊ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

Eleven Media Group

No comments:

Post a Comment