Friday, 18 October 2013

ဗုံးခွဲမှုများ အဓိကတရားခံ ဖမ်းမိခြင်းမရှိသေးဟု ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

Photo by Irrawaddy News
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် အပါဝင် မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း၊ ဖြူးမြို့တွေမှာ ဗုံးပေါက်ကွဲမှု၊ ဗုံးထောင်မှုတွေနဲ့ ပက်သတ်ပြီး လူ ၈ ဦး အထိ ဖမ်းဆီးထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီဖောက်ခွဲမှုတွေထဲမှာ ကေအန်ယူ အဖွဲဝင်တချို့ အဓိက ပါဝင်ပတ်သက်မှု ရှိနေတယ် ဆိုတာကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပေမယ့် ဗုံးပေါက်ကွဲမှုတွေမှာ ကေအန်ယူက တာဝန်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူး လို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီဖြစ်ရပ် အားလုံးရဲ့ အဓိက တရားခံလို့ ရဲတပ်ဖွဲ့က ပြောတဲ့ ကေအန်ယူ အဖွဲ့ဝင် နေတိုး ခေါ် စောရွှေထူး ကိုတော့ ဖမ်းမိခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
BBC NEWS

No comments:

Post a Comment