Friday, 25 October 2013

ဗုံးစွန့်ကျင်း သို့မဟုတ် ဉာဏ်ကြီးရှင်တို့ ဖန်တီးမှု

အောင်မင်္ဂလာ အဝေးပြေး ကားဝန်းမှာတွေ့ရတဲ့ ဗုံးစွန့်ကျင်း ဆိုတဲ့ ဖေ့စ်ဘုတ် က ဒီနေရာမှာ တင်ထားတဲ့ ဓာတ်ပုံကို မြင်တော့ အတွေးဆန့်မိဖြစ်တယ်။ ဒီဓာတ်ပုံကိုမြင်ပြီး ဉာဏ်ကြီးရှင်တို့ရဲ့ ဖန်တီးမှု လို့ ပြောရမ လားပါဘဲ။ 



ဓာတ်ပုံ- Kyaw Kyaw Htun's Facebook

တလော ဗုံးတွေပေါက်၊ ဗုံးတွေတွေ့နဲ့ လူအများလည်း ဗုံးလန့်ကြ၊ စိုးရိမ်ကြနဲ့ လူတွေလည်း မသွားရဲ၊ မလာရဲ နဲ့ ဖြစ်ခဲ့ကြတယ်။ 

အခု ဒီလို ဗုံးစွန့်ကျင်းထဲကို သံသယဖြစ်ဖွယ် ဗုံး ဆိုတဲ့ အရာကြီးကို ပြည်သူတွေက ယူသယ်သွားပြီး စွန့်ရ မယ့် သဘော ဖြစ်နေတယ်။  ဘယ်လောက် အန္တရာယ်များလိုက်မလဲ ဆိုတာ တာဝန်ရှိသူတွေ မစဉ်းစားပဲ လုပ်မိတယ် ထင်ပါရဲ့။ ဆေးမြီးတိုနဲ့ ကုစားတဲ့ ခေတ်ကို လွန်မြောက်ဖို့ လိုနေပြီလို့ ပြောရမှာပါ။ 


အဖျက်သမား ဗုံးခွဲမယ့်လူမျိုးဆိုတာ ဒီလို အသင့်လုပ်ပေးထားတဲ့ ဗုံးစွန့်ကျင်းထဲ သူ့ မိုင်းဗုံးကို စွန့်ခဲ့မတဲ့ လားလို့လည်း မေးခွန်းထုတ်ချင်တယ်။ ဒါမှမဟုတ် အဝေးပြေး ကားဝန်းထဲ ဗုံးလို့ မသင်္ကာစရာ တွေ့တာနဲ့ သက်ဆိုင်ရာ လုံခြုံရေးတွေရောက်လာပြီး အဲဒီ ပစ္စည်းကို ယူ၊ ဒီ ဗုံးစွန့်ကျင်းထဲ ထည့်၊ စနက်တံ ဖြုတ်ဖို့ ကြိုးစား၊ မရရင် ဒီ ဗုံးစွန့်ကျင်းထဲ ခွဲပစ်ပြီး ပြည်သူလူထု ထိခိုက်မှု မရှိအောင် လုပ်ဖို့ စီစဉ်တာမျိုးလားလို့ လည်း တွေးမိပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဒီ ဆိုင်းဘုတ်နဲ့ ဒီလို လုပ်ထားပုံသည်ပင် ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေအောင် ဖန်တီး ထားသလိုများ ဖြစ်မနေဘူးလားလို့လည်း မေးစရာ ဖြစ်လာပြန်ရော။ 

ဒါကြောင့် ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ဧရာဝတီ စာဖတ်ပရိသတ်ကပဲ မိမိတို့ စဉ်းစားမိသလောက် သုံးသပ် အကြံပြုပေးပါလို့ ပြောချင်ပါတော့တယ်။ 


အိမ့်သံစဉ် ~ 
Irrawaddy News

No comments:

Post a Comment