Friday, 25 October 2013

ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်ကဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ပန်းမြတ်ဇော်

ရှစ်ကြိမ်မြောက် ကျင်းပသည့်ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့် မင်းသားကင်ဒုံဝန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းကို ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ကျင်းပသည့် ညစာစားပွဲ တွင် ထည့်သွင်းပြောကြားကို အောက်တိုဘာလ ၂၄ ရက်တွင် သမ္မတရုပ်ရှင်ရုံတွင် ဖွင့်လှစ်ခဲ့ပြီး ယင်း ရုပ်ရှင်ဖွင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲကိုကုန်သည်ကြီးများဟိုတယ်တွင်ကျင်းပခဲ့ရာ ကိုရီးယားမင်းသား ကင်ဒုံဝန်က ပြောကြားခဲ့သည်။

ကင်ဒုံဝန်သည် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ကျန်းမာရေးအခြေအနေ ကြောင့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိဘဲ ညစာစားပွဲသို့သာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ် သည်။

မင်းသားကင်ဒုံဝန်က “အချိန်ရမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ အေးမြတဲ့နေရာတစ်ခုမှာ အနားယူချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တဲ့ စိတ်ကူးလည်းရှိပေမယ့် မေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစု ကြည်မရှိဘူးသိရတာကြောင့် မတွေ့ဖြစ်တော့ပါဘူး။

မြန်မာအစားအစာတွေကိုလည်း ကြိုးစားပြီး စားချင် ပါတယ်။ ရွှေတိဂုံစေတီတော်နဲ့ တခြားနေရာတွေလည်း သွားရောက်ခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက် မွန်းလွဲလေယာဉ်နဲ့ကိုရီးယားနိုင်ငံကိုပြန်မှာ ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။

ကိုရီးယားရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိသမ္မတ ရုပ်ရှင် ပွဲတော်တွင် ကျင်းပလျက်ရှိပြီး ယင်းပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားလေးကားကို ညနေ ၆ နာရီခွဲနှင့် ည ၉ နာရီခွဲစသည့်ဖြင့် အချိန်နှစ်ချိန်ခွဲခြားကာ ပြသမည် ဖြစ်သည်။

Mizzima News

No comments:

Post a Comment