Thursday, 19 September 2013

တရုတ်မောင်းသူမဲ့လေယာဉ်များကို လိုအပ်လာလျှင်ပစ်ချသွားမည်ဟု ဂျပန်ပြောကြား

၁၉-၉-၂၀၁၃

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ နှင့် ပိုင်နက် အငြင်းပွား မှုများ ဖြစ်ပွားနေသည့် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ ကျွန်းများ တစ်ဝိုက်တွင် တရုတ် မောင်းသူမဲ့ လေယာဉ်များ ပျံသန်းမှုကို တွေ့ရှိလျှင် ပစ်ချသွား မည်ဟု ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန် ပြောကြား ခဲ့ကြောင်း သိရသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ၏အဆိုအရ အရှေ့တရုတ် ပင်လယ်ပြင်ရှိ အငြင်းပွားမှု များ ဖြစ်ပွား နေသည့် ရေပြင် တစ်ဝိုက်တွင် စက်တင်ဘာ ၉ ရက်က အမျိုးအမည် သတ်မှတ် နိုင်ခြင်း မရှိသည့် မောင်းသူမဲ့ လေယာဉ် တစ်စီးကို ရှာဖွေ တွေ့ရှိခဲ့ သဖြင့် ဂျပန် လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ (လေတပ်) တိုက်လေယာဉ် များဖြင့် ကြားဖြတ် တိုက်ခိုက်မှု ပြုလုပ်ရန် အရေးပေါ် ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း ၊ ၄င်းမောင်းသူမဲ့ လေယာဉ်သည် ဘေဂျင်း အခြေစိုက် လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေရှင်း မှ ထုတ်လုပ်ခဲ့သည့် Wing Loong အမျိုးအစား မောင်းသူမဲ့ လေယာဉ် (သို့မဟုတ်) PLA ၏ အခြား မောင်းသူမဲ့ ကင်းထောက်ယာဉ် တစ်စင်း ဖြစ်နိုင်ကြောင်း တိုက်လေယာဉ်မှူး များက သတင်းပို့ ခဲ့သည်ဟု သိရသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန သည် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ထင်မြင် ယူဆလျက် ရှိပြီး မောင်းသူမဲ့ လေယာဉ်များကို ပစ်ချသွား နိုင်မည့် စည်းမျဉ်း ဥပဒေသစ် ရေးဆွဲ ဆောင်ရွက် သွားမည်ြ ဖစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်ဟု သိရှိရသည်။

http://pyichit-thar.blogspot.com/2013/09/blog-post_1176.html

No comments:

Post a Comment