Saturday, 21 September 2013

တမူးမြို့နယ်တွင် ကျည်ဆန် သုံးထောင်နီးပါး ရှာဖွေတွေ့ရှိ


တမူး စက်တင်ဘာ ၂၀

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ်ကုန်သွယ်ရေး မြို့ကြီး ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ရှိ စော်ဘွား ရပ်ကွက်တွင် စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီက အမှတ် (၃၀၃) အမျိုးအစားကျည်ဆန်သုံးထောင်နီးပါး တွေ့ရှိ သဖြင့် ထိုရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက မြို့မ ရဲစခန်းသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ကျည်ဆန်များတွေ့ရှိသည့်နေရာသို့ နယ်မြေခံတပ်ဖွဲ့ နှင့်အတူ မြို့မရဲစခန်းရှိ နယ်ထိန်းရဲအရာရှိ ဒုတိယရဲအုပ် မျိုးမြင့်ဆွေနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအဖွဲ့များက စစ်ဆေးခဲ့ရာ ကျည်ဆန်များ သည် အမှတ် (၃၀၃) အမျိုးအစားဖြစ်ကြပြီး စုစုပေါင်း ၂၉၀၀ တောင့်ရှိကြောင်း၊ ဦးခင်မောင်မြင့် ပိုင်ဆိုင်သည့် ခြံဝင်းအတွင်း၌ သစ်မြစ်ငုတ်တူးဖော်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ် ပြီး

ကျည်ဆန်များသည် ကြေးညှိများတက်၍ သုံးမရတော့ ကြောင်း ထိုအဖွဲ့မှတ်တမ်းတင်ခဲ့သည့်နေရာတွင် သစ်မြစ် ငုတ်တူးအလုပ်သမားတစ်ဦးက ပြောကြောင်း သိရသည်။
ထို့နောက် နယ်ထိန်းရဲအရာရှိက ထိုကျည်ဆန် များကို မြို့မရဲစခန်းသို့ ယူဆောင်သွားပြီး မှတ်တမ်း ရေးသွင်း၍ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဇိုဟေဆာ (ချမ်းတောင်ခြေ)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment