Tuesday, 3 September 2013

သားဖြစ်သူမှစိတ်ဖေါက်ပြန်ပြီး တုတ်ဖြင့်ရိုက်နှက်သဖြင့် ဖခင်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃

၂.၉.၂၀၁၃ ရက်နေ့ ၂၃၅၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ ဒေါ်သန်းရီသည် နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် အိမ်ရှေ့ဧည့်ခန်းမှ ဆူညံသံများကြား၍ထကြည့်ရာ သားငယ်ဖြစ်သူ ဇော်သူရိန် (၃၈)နှစ်၊ (ဘ)ဦးအေးကြူ မှာ စိတ်ဖေါက်ပြန်ပြီး သစ်သားတုတ်ဖြင့် သမီးဖြစ်သူမမေဇော် အားရိုက်နှက်ခဲ့၍ လဲကျသွားစဉ် ခင်ပွန်းဖြစ်သူ ဦးအေးကြူအား ဆက်လက်ရိုက်နှက်နေသဖြင့် သားကြီးဖြစ်သူ ကိုဇော်မျိုးအေးမှ ၀င်ရောက်ဆွဲရာ ကိုဇော်မျိုးအေးအား ထပ်မံရိုက်နှက်ပြီး နေအိမ်မှ ထွက်သွားခဲ့သည်ကိုတွေ့ရှိခဲ့ရပါသည်။

ထိုသို့ရိုက်နှက်ခဲ့သဖြင့် မမေဇော်နှင့် ကိုဇော်မျိုးအေးတို့တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဦးအေးကြူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သောကြောင့် သားဖြစ်သူဇော်သူရိန်အား အရေးယူပေးပါရန် မိခင်ဖြစ်သူမှ တိုင်တန်းခဲ့၍ သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၂၇၇/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့်အရေးယူခဲ့ကာ ဇော်သူရိန်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment