Saturday, 14 September 2013

စက်မှုဝန်ကြီးဌာန မော်တော်ယာဉ်ထုတ်စက်ရုံများ ပုဂ္ဂလိက နှင့် ပူးပေါင်းလုပ်ကိုင်မည်

စက်မှု ဝန်ကြီးဌာနအောက်ရှိ မော်တော် ယာဉ်ထုတ်လုပ်သည့် စက်ရုံများအား ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။ စက်မှုဝန်ကြီးဌာနမှ အကြီး စားစက်ရုံသုံးခုမှ Heavy Truck ၊ ဒါဗယ်ကပ်၊ ပစ်ကပ်၊ မြန်မာမီနီ ဘတ်စ်၊ စီးတီးဘတ်စ် ကားအမျိုး အစားများအား ထုတ်လုပ်ခဲ့ပြီး ယခုအခါ ပိုမိုကောင်းမွန်သော မော်တော်ကားများ ထုတ်လုပ်နိုင် ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ လုပ်ငန်းရှင် များနှင့် ပူးပေါင်းလုပ် ကိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

စက်မှုစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသွင်မြင့် မောင်က ''လာရောက်ဆွေးနွေးတဲ့ အပေါ်မူတည်ပြီး တင်ဒါခေါ်သွား ဖို့ရှိပါတယ်။ ကုမ္ပဏီက ဘယ်အ ပိုင်းကို ဒီမှာထုတ်မယ်၊ ဘယ်အ စိတ်အပိုင်းကိုတော့ တင်သွင်းမယ် ဆိုတာ သေချာ ဆွေးနွေးသွားမှာ ပါ''ဟု ဆိုသည်။ ယင်းသို့ပူးပေါင်းဆောင် ရွက်ရာတွင် ပြည်တွင်းအခြေအ နေနှင့်ကိုက်ညီသော အရည်အ သွေး၊ ဈေးနှုန်းနှင့် ဝန်ဆောင်မှုအ ပိုင်းတွင် ယှဉ်ပြိုင်နိုင်ရေးအတွက် နည်းပညာမြင့် မော်တော်ယာဉ် ထုတ်လုပ်ရေး ဦးစားပေးဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ပုဂ္ဂလိကနဲ့ပေါင်းလုပ်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက် လုပ်မှာလဲ။ လက်ရှိစက်ရုံတွေရဲ့ တန်ဖိုး ဘယ်လောက်လဲဆိုတာ အသေးစိတ်စကား ပြောရဦးမယ်။ နိုင်ငံတော်ရဲ့ပိုင်ဆိုင်မှု ဒီစက်ရုံတွေ ရဲ့တန်ဖိုးပမာဏ တော်တော်များ တယ်။ ကိုယ့်ဆီက ၁ဝဝလောက် ရင်းထားတာကို သူ့ဆီက တစ်ကျပ် လောက်လာရင်းလို့တော့ မရဘူး။ ပြည်ပက နည်းပညာမြင့်တဲ့မော် တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ တွေလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆို ရင်တော့ ပိုကောင်းတာပေါ့''ဟု ဦးသွင်မြင့်မောင်က ဆက်လက် ပြောသည်။

ယခင်က စက်မှုဝန်ကြီးဌာန မှ မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများကို စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ်(၁၁) အကြီး စားစက်ရုံ(ရန်ကုန်)၊ အမှတ်(၁၂) အကြီးစားစက်ရုံ(ထုံးဘို)တို့မှ ထုတ် လုပ်ခဲ့ပြီး ၂၀၁၁ခုနှစ်က အိန္ဒိယ နိုင်ငံ၏ အကူ အညီဖြင့် အမှတ် (၁၃) အကြီးစားစက်ရုံ(မကွေး)ကိုဖွင့်လှစ်ကာ ၁ဝတန်အထက် Heavy Truck ကား ထုတ်လုပ် ခဲ့ကြောင်း သိရသည်။ လက်ရှိပြည်တွင်း၌ NISSAN မော်တော်ကားထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းနှင့် ကားအ ပိုပစ္စည်း များ ထုတ်လုပ် ရောင်းချ ခြင်းလုပ်ငန်းအား ပဲခူးတိုင်းဒေသ ကြီးနှင့် ASMO ကုမ္ပဏီက ပြည် တွင်း၌ မော်တော်ကားအပိုပစ္စည်း များ ထုတ်လုပ်ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံ တည်ဆောက် ရန်စီစဉ် နေကြောင်း သိရသည်။

အာကာ
Yangon Times

No comments:

Post a Comment