News And Library
Fresh News And Some Knowledge For You
Sunday, 15 September 2013
နာမည်ကြီးသည့် လယ်တောအိမ်၌ နိုင်ငံတော်သမ္မတနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့ တွေ့ဆုံ
Photo By Popular Myanmar News Journal
စာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံပြီးနောက် နာမည်ကြီးလာသည့် လယ်တော်အိမ်တွင် စက်တင်ဘာ ၁၄ ရက်က သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ထားသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များေ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် သမ္မတဦးသိန်းစိန်နှင့်အတူ သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိမ်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးအုန်းမြင့်တို့လည်း ပါဝင်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးမင်းဇေယျ၊ ဦးဌေးကြွယ်၊ ဦးမာကီး၊ ဦးသက်ဇော်၊ ဦးအောင်သူ၊ ဦးဇော်မင်းနှင့် မနီလာသိန်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
"မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အလုပ်သမား၊ လယ်သမား၊ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို သမ္မတကြီးရော၊ သက်ဆိုင်ရာ ၀န်ကြီးတွေပါ ရှင်းပြတာတွေ ရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ ကြားသိထားတဲ့ အချက်အလက်တွေကို တင်ပြတာတွေ ရှိတယ်။ နောက်ပြီး ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က သိထားတဲ့ အချက်အလက်တွေကို တင်ပြတာတွေ ရှိတယ်" ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ဆိုသည်။
"၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေ အပေါ်မှာ အစိုးရ အဖွဲ့တွေရော၊ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ပါ ဒီ့ထက်ပိုပြီး အချိတ်အဆက်မိမိ လုပ်ဆောင်သွားနိုင်ဖို့ သမ္မတကြီးအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တို့က အစိုးရအဖွဲ့တွေကို ညွှန်ကြားပေးမယ် လို့တော့ ပြောသွားတယ်" ဟု ဦးမင်းဇေယျက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲမှာ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး တွေ့ဆုံမှုအတွက် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို (MPC)က စီစဉ်ပေးခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းကမှ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်
း သိရသည်။
နိုင်ငံတော်သမ္မတ၏ နေပြည်တော် လယ်တောအိမ်သည် စက်တင်ဘာ ၁ ရက်က သမ္မတဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) တို့ တွေ့ဆုံခဲ့ပြီးနောက် ပိုမိုနာမည် ကျော်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်သမ္မတက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပြီး ထိုအလှူငွေနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment