Wednesday, 25 September 2013

မိန်းမ ကြောက်လို့ အိုဘားမား ဆေးလိပ်ဖြတ်တာ

 ယနေ့ ကမ္ဘာ့စူပါ ပါဝါနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ မိန်းမ ကြောက်လို့ ဆေးလိပ်ဖြတ်ခဲ့တာပါတဲ့။ 



မိန်းမ ကြောက်လို့ အိုဘားမား ဆေးလိပ်ဖြတ်လိုက်တဲ့အကြောင်း အမေရိကန် CNN သတင်းဌာနက သတင်းတခုမှာ လွန်ခဲ့တဲ့ တနင်္လာ နေ့ က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အိုဘားမား ကိုယ်တိုင် ပြောလိုက်တာကို ဖော်ပြပါတယ်။ 

 "That' is because I'm scared of my wife." ဆိုပြီး အိုဘားမားက မိုက်ကရိုဖုန်း ဖွင့်ထားတာကို သတိမမူမိပဲ ညီလာခံတက် ရောက်လာသူ တယောက်ရဲ့ ဆေးလိပ်ဖြတ်ထားတယ်ထင်တယ်လို့ အမေး စကားကို သူက လွန်ခဲ့တဲ့ ၆ နှစ်လောက်က တည်းက ဆေးလိပ်ဖြတ်လိုက်ကြောင်း၊ ဒါဟာ ကျနော်က မိန်းမကို ကြောက်လို့ပါ လို့ ဟာသနှောပြောလိုက်တဲ့အခါ အဲဒီ အသံက CNN မှာ သတင်းတပုဒ် ဖြစ် သွားပါရော။ 


အိုဘားမားရဲ့ ဇနီး မီရှဲ အိုဘားမားက ၀ါရှင်တန်ပို့စ် သတင်းကို ပြောရာမှာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက် တုန်းက ရံဖန် ရံခါ ဆေးလိပ်သောက်တတ်တာကို ဖြတ်ခဲ့တာပါတဲ့။ 

မိန်းမကြောက်လို့ ဆေးလိပ်ဖြတ်လိုက်တာ တကယ်ဆိုရင်လည်း အိုဘားမား မိန်းမကြောက်လို့ ဆေးလိပ် ရဲ့ ဘေးထွက်ဆိုးကျိုး ကျန်းမာရေး ထိခိုက်မှာတွေက ကင်းဝေးသွားနိုင်တာပေါ့။ 

ဒီလိုဆိုတော့ အိုဘားမားလည်း မိန်းမကြောက်သူ စာရင်းထဲမှာ ထိပ်ဆုံးက ပါတယ်လို့ ဆိုရမှာပါ။ ဒါဆို မိန်းမ မကြောက်တဲ့ သမ္မတများ ကမ္ဘာကြီးမှာ ရှိမှ ရှိကြပါလေစ။ 

Irrawaddy News

No comments:

Post a Comment