Friday, 30 August 2013

ဖေ့စ်ဘွတ် Like button ကို ကြော်ငြာသည့်ပုံစံဖြစ်စေရန် ထည့်သွင်းခဲ့သည့်အတွက် သန်း ၂၀ ခန့် လျော်ကြေးပေးရ

ဖေ့စ်ဘွတ်သုံးစွဲသူများ၏ ကြိုက်နှစ်သက်ကြောင်း ဖော်ပြသည့် “Like” (ကြိုက်ပါသည်) Button များကို ကြော်ငြာသည့်ပုံစံ ဖြစ်စေရန် အသုံးပြုခဲ့သည့်အတွက် ဖေ့စ်ဘွတ်အနေဖြင့် ကန်ဒေါ်လာသန်း ၂၀ ခန့် ပေးရန် တရားသူကြီးတစ်ဦးက အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ သန်း ၂၀ ကို ရှေ့နေများ၊ အင်တာနက်ဆိုင်ရာ တစ်သီးပုဂ္ဂလလုံခြုံရေးအဖွဲ့များ
နှင့် တရားစွဲရာ တွင် ပါဝင်ခဲ့သည့် ဖေ့စ်ဘွတ်သုံးစွဲသူများမှ ခွဲဝေယူရမည်ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ ခရိုင်တရားသူကြီး တစ်ဦးဖြစ်သူ Richard Seeborg က ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းမှာ ကြော်ငြာလုပ်ငန်းမှ တစ်ဆင့်ဒေါ်လာဘီလီယံနှင့်ချီ၍၀င်နေသည့် “ဖေ့စ်ဘွတ်က သုံးစွဲသူများ၏စာမျက် နှာများတွင် “like” ခြင်းမှာ သုံးစွဲသူများ၏ သဘောတူညီချက်မပါသည့်အတွက်”ဘဏ္ဍာရေးအရ ထိခိုက်မှုရှိစေသောကြောင့်ဖြစ်သည်ဟု သိရသည်။
ဖေ့စ်ဘွတ်မှ ထောက်ပံ့မှုဖြင့် တင်ဆက်သည့် ဇာတ်လမ်းအစီအစဉ်များတွင် သုံးစွဲသူများ၏အမည်များ သို့မဟုတ် ကြော်ငြာများအား ကြိုက်နှစ်သက်သည်ဆိုသည်ကို အတည်ပြုရာတွင် သုံးစွဲသူများ၏ ခွင့်ပြု ချက်မရရှိခဲ့ဟု တရားရုံးမှတ်တမ်းများအရ သိရသည်။

ယင်းသို့တရားစွဲဆိုရာတွင် ပါဝင်ခဲ့သည့် အင်တာနက်နှင့် တစ်သီးပုဂ္ဂလလုံခြုံရေးဆိုင်ရာအဖွဲ့တွင် အဖွဲ့ဝင် ပေါင်း သန်း ၁၅၀ ခန့်ရှိမည်ဟု Judge Seeborg က ခန့်မှန်းထားပြီး ကျေအေးစရိတ်အတွက် တရားစွဲဆို ရာတွင် စွဲဆိုသူအနည်းငယ်ခန့်ကသာ ကျေအေးရန်အတွက် ပေးအပ်ရမည့်ငွေကြေးပမာဏအား ထည့် သွင်းခဲ့သည်ဟု အတည်ပြုခဲ့သည်။
“အခြေအနေအရပ်ရပ်ပေါ်မှာ သုံးသပ်ပြီးတော့ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကအဖွဲ့ဝင်တွေအားလုံး အတွက်မျှတမှု၊ကြောင်း ကျိုးဆီလျော်မှုနဲ့ လုံလောက်မှုရှိပါတယ်။ ပိုကောင်းတဲ့ရလဒ်တစ်ခုကို လိုချင်လို့ ဆက်လက်တရားရင်ဆိုင်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်”ဟု တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်တွင် ဖေ့စ်ဘွတ်အနေဖြင့် ထောက်ပံ့ကြေးပေးထားသော ဇာတ်လမ်းအစီအစဉ်များ အတွက် သုံးစွဲသူများ၏ သတင်းအချက်အလက်များကို သုံးမည်ဆိုပါက ၎င်းတို့အား အခွင့်အာဏာ ပိုပေးစေနိုင်ရေးအတွက် ဖေ့စ်ဘွတ်၏ စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ရန်လည်း တောင်းဆိုထားသည်။

ယခုတရားစွဲဆိုမှုများကို ဖေ့စ်ဘွတ်မှ ထောက်ပံ့ကြေးပေးထားသည့် ကြော်ငြာဇာတ်လမ်းအစီအစဉ် စတင်ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အောင်မင်း ဘာသာပြန်သည်။
( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

No comments:

Post a Comment