Thursday, 15 August 2013

ဘတ်စကား မောင်းနေစဉ် နှလုံး ရောဂါကြောင့် အမောဖောက် သေဆုံး ခဲ့သော်လည်း ခရီးသည် များအား ယာဉ်မောင်းက ကယ်တင်နိုင်ခဲ့

hursday, August 15, 2013

အိနိ္ဒယ နိုင်ငံ ယူဂန်ဒါမာလမ် မြို့အနီးရှိ တောင်ထူထပ်သော လမ်းမ တစ်ခုတွင် ဘတ်စကား ယာဉ်မောင်း တစ်ဦးသည် ကားမောင်းနှင် နေစဉ် ရုတ်တရက် နှလုံး ရောဂါကြောင့် အမောဖောက်၍ သေဆုံးသွား ခဲ့ သော်လည်း ယာဉ်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ ရပ်တန့်၍ ခရီးသည် ၄၀ ဦး၏ အသက်အား ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ရာမာဆာမိ အမည်ရှိ ၎င်းဘတ်စကား ယာဉ်မောင်းသည် ယူဂန်ဒါမာလမ် မြို့နှင့် ၂၅ ကီလိုမီတာ အကွာ ဘာလီယာ ကျေးရွာရှိ လမ်းမ တစ်ခုသို့ မောင်းနှင်လာစဉ် ၎င်းယာဉ်သည် တောင်၏ကျောက်ဆောင် မျက်နှာပြင်နှင့် တိုက်မိ ခဲ့ခြင်းကြောင့် ယာဉ်မှာလမ်း၏ ဘယ်ဘက်သို့ ဦးတည် သွားခဲ့သော်လည်း မော်တော်ကားကို တိမ်းမှောက်ခြင်း မရှိစေရန် ထိန်းချုပ် နိုင်ခဲ့သည်။

ထို့နောက် အသက် ၅၂ နှစ်အရွယ်ရှိ ဆာမိသည် မော်တော်ယာဉ် လက်ကိုင်ပေါ်သို့ လဲကျ သေဆုံးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ အနက် ၁၅ ဦးသာ ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် သေဆုံးသူ မရှိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူ များအား မီးသတ် တပ်ဖွဲ့နှင့် ကယ်ဆယ်ရေး ၀န်ထမ်းများက ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

  မြ၀တီ

No comments:

Post a Comment