Tuesday, 20 August 2013

အိန္ဒိယတွင် လမ်းဖြတ်ကူးသောဘုရားဖူးအဖွဲ့ကို အမြန်ရထားက အရှိန်ဖြင့်ဝင်တိုက် ၃၅ဦးသေ

အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် အမြန်ရထားတစ်စီးသည် ဟိန္ဒူ ဘုရားဖူးလူအုပ်အတွင်းသို့ အရှိန် ဖြင့် ဝင်တိုးမိရာ လူပေါင်း ၃၅ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
လူသေမှုဖြစ်ပွားခဲ့သည့် အတွက် လူအုပ်ကြီးကို အမျက် ဒေါသထွက်စေခဲ့ပြီး ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင် ရာအရာရှိတို့က ပြောကြားခဲ့ သည်။
အခင်းဖြစ်ပွားသည့်နေရာ မှာ ဘီဟာပြည်နယ်ရှိ ဘူတာရုံ တွင်ဖြစ်ပြီး ဘုရားဖူးတို့က ဘူတာ ရုံရှိ ရထားလမ်းကိုဖြတ်ကူးနေစဉ် အမြန်ရထားက လူအုပ်ကို အရှိန် ဖြင့် ဝင်ကျုံးခဲ့ခြင်းဖြစ်သည်။ အခင်း ဖြစ်ပွားမှုကြောင့် လူ၃၅ဦး သေ ဆုံးကာ အမြောက်အမြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လူအများအပြား သေဆုံး မှုကြောင့် ဒေါသထွက်နေသော လူအုပ်ကြီးက ရထားတွဲများကို မီးရှို့ခဲ့ကြသကဲ့သို့ ဒါဟာရာဘူ တာရုံကို မွှေနှောက်ဖျက်ဆီးခဲ့ကြ သည်ဟု သိရသည်။ ဒါဟာရာဘူ တာရုံသည် ပတ္တနားမြို့မှ ၁၇၈ ကီလိုမီတာအကွာတွင်ရှိကြောင်း သိရသည်။
ထိပ်တန်းမီးရထားအရာ ရှိတစ်ဦး၏အဆိုအရ ဘုရားဖူး ခရီးသွားအုပ်စုသည် အမြန်ရထား လာနေသည်ကို သတိမမူမိသော ကြောင့်ဖြစ်သည်ဟု ဆိုသည်။ အခင်းဖြစ်ပွားချိန်တွင် မီးရထား နှစ်စီးသည် ဘူတာရုံမှထွက်ခွာ ရန်အသင့်ရှိနေချိန်ဖြစ်ပြီး ရာဂျ ယာရာနီအမြန်ရထားမှာ ဘူတာ ရုံမှ ထွက်ခွာခွင့်ပြုထားပြီးဖြစ် ကြောင်း အမျိုးသားမီးရထား ဘုတ်အဖွဲ့ဥက္ကဋ္ဌ အရုနင်ဒရာကူး မားက ပြောကြားခဲ့သည်။
မတော်တဆဖြစ်ပွားပြီး နောက် ဒေါသထွက်နေသောလူ အုပ်ကြီးသည် စက်ခေါင်းမောင်း ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရထားတွဲအချို့ပျက်စီးကာ အချို့ မှာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ လူအုပ်ဖြင့်တိုက်ခိုက်လာမှုကြောင
့် မီးရထားဝန်ထမ်းများ ကြောက် လန့်တကြား ထွက်ပြေးခဲ့ကြပြီး စက်ခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု မစ္စတာကူးမားကပြော ကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment