Friday, 30 August 2013

ဆီးရီးယားသည် အမေရိကန်ကို အောင်ပွဲခံလိမ့်မည်ဟု အာဆတ်ပြော


အမေ ရိကန်နှင့် သူ၏မဟာမိတ်များ ထိပ် တိုက်ရင်ဆိုင်မှုများရှိလာပါက သူ့နိုင်ငံက အောင်မြင်မှုရရှိရမည် ဟု ဆီးရီးယားသမ္မတဘာရှာ အယ်လ်အာဆတ်က သန္နိဋ္ဌာန်ချ ထားကြောင်း ကြာသပတေးနေ့ ထုတ် Lebanese Daily သတင်း စာက ဖော်ပြခဲ့သည်။

သံသယဖြစ်ရသော ဓာတု လက်နက်ဖြင့်တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက် အမေရိကန်နှင့် အနောက် အင်အားကြီးနိုင်ငံများက အန္တရာယ် များသော စစ်ရေးအရတိုက်ခိုက် ရန် သတိပေးခဲ့ကြသည်။ ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား များသေဆုံးခဲ့ရာ ကလေးဒါဇင် ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ တိုက်ခိုက်မှုမှာ ဩဂုတ် ၂၁ရက် ကဒမတ်စကတ်မြို့ ဆင်ခြေဖုံး ၌ဖြစ်ပွားခဲ့သည်။


''အရေးအခင်းစတင်ဖြစ် ပေါ်ကတည်းက သင်တို့သိပါ တယ်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ ရန်သူအစစ်ကို သူ့ဘာသာသူထွက် လာအောင်စောင့်ဆိုင်းနေခဲ့တာ ဖြစ်တယ်''ဟု အယ်လ်အက္ကဘာ သတင်းစာတွင် အာဆတ်က သူ ၏အရာရှိများအားပြောကြား ခဲ့သည့်စကားကို ကိုးကားဖော်ပြ ခဲ့သည်။

''ဒါဟာ သမိုင်းဝင်ထိပ် တိုက်ရင်ဆိုင်တိုက်ပွဲကြီးပဲ။ ဒီ တိုက်ပွဲက ကျွန်တော်တို့အောင် မြင်မှုတွေကိုရပါလိမ့်မယ်''ဟု သတင်းစာ ကဆီးရီးယားသမ္မတ၏ တိုက်ပွဲဝင်မိန့်ခွန်းကို ထုတ်နုတ်ဖော် ပြခဲ့သည်။

Yangon Media Group

No comments:

Post a Comment